ရန်ကုန်၊ မတ်၁၀ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ်၌ တရားမဝင်ပိတောက်/အခြားသစ် ရောရာတန်(၄၀) သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရှန်ဟိုင်း၊ မတ် ၁ဝ ရက်(ဆင်ဟွာ) 3D နည်းပညာဖြင့် အသုံးအဆောင်ပစ္စည်းများကို ပရင့်ထုတ်ကာ ပုံဖော်ဖန်တီးမှုများထဲတွင် ကမ္ဘာ့အကြီးဆုံး စံချိန်ချိုးနိုင်သည့် လူကူးတံတားတစ်စင်းကို တရုတ်နိုင်ငံအရှေ့ပိုင်းရှန်ဟိုင်းမြို့တွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ တံတားတစ်စင်းလုံးကို စက်ရုပ်များဖြင့် နာရီပေါင်း ၄၅ဝ အချိန်ယူကာ ပရင့်ထုတ် ပုံဖော်ထားပြီး တံတား၏ အရှည်မှာ ၂၆.၃ မီတာရှိပြီး...
ပေကျင်း၊ မတ် ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတစ်ဝန်းလုံးရှိ နိုင်ငံသား ၁.၄ ဘီလီယံခန့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် လုပ်ဆောင်ရမည့် အခန်းကဏ္ဍမှာ အလွန်ကြီးမားသော်လည်း တရုတ်နိုင်ငံအနေဖြင့် လက်တွေ့ ဆောင်ရွက်နိုင်ပြီဖြစ်သည်။ လက်ရှိတွင် တရုတ်နိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ပိုမိုတိုးတက်စေရန်၊ အစားအသောက်များဘေးအန္တရာယ်ကင်းရှင်းစေရန် နှင့် တောင်သူလယ်သမားများ၏ လူနေမှုအဆင့်အတန်းများပိုမိုတိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိကြောင်း သမ္မတရှီကျင့်ဖိန်က နှစ်ပတ်လည်အစည်းအဝေးများတွင်ပြောကြားခဲ့သည်များကို...
အက်ဒစ်အဘာဘာ၊ မတ် ၁၀ ရက် (ဆင်ဟွာ) အီသီယိုးပီးယားလေကြောင်းလိုင်းမှ ဘိုးရင်း ၇၃၇ လေယာဉ်တစ်စင်း သည် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့သို့ ပျံသန်းနေစဉ် ပျက်ကျသွားခဲ့ကြောင်း မတ် ၁၀ရက် နံနက်ပိုင်းတွင် အီသီယိုးပီးယားနိုင်ငံ ဝန်ကြီးချုပ်ရုံးက အတည်ပြုပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် ငွေကျပ်သိန်း ၂၀,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရှီးချန်း၊ မတ် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေး စင်တာမှ ဆက်သွယ်ရေးဂြိုဟ်တုသစ် တစ်စင်းအား မတ် ၁၀ ရက်တွင်လွှတ်တင်ခဲ့ကြောင်း သိရသည်။
တူနီးရှား၊ မတ် ၁၀ ရက်(ဆင်ဟွာ) တူနီးရှားနိုင်ငံ မြို့တော်ရှိဆေးရုံတစ်ရုံတွင် မတ် ၇ ရက်နှင့် ၈ ရက်များက မွေးကင်းစကလေးငယ် ၁၁ ဦး အကြောင်းမဲ့သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း တူနီးရှားအစိုးရမီဒီယာများ၏ မတ် ၉ ရက် သတင်း များ အရ သိရသည်။
မက္ကဆီကိုစီးတီး ၊ မတ် ၁၀ ရက်(ဆင်ဟွာ) မက္ကဆီကို နိုင်ငံ အလယ်ပိုင်း Guanajuatoပြည်နယ် Penjamoမြို့တွင် မတ် ၉ ရက်က ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားရာ လူ ၁၁ ဦးသေဆုံးပြီး လူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အားထုတ်လုပ်မှု မှာ ယနေ့အချိန်အထိ(၃၅၈၆) မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီး၏ အမြင့်ဆုံးဓာတ်အားသုံးစွဲမှုမှာ (၁၅၄၈.၂၃) မဂ္ဂါဝပ်ခန့်ရှိ၍ တစ်နိုင်ငံလုံး၏ ထက်ဝက်နီးပါး သုံးစွဲလျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား...
ဆာရာဂျေဗို ၊ မတ် ၁ဝ ရက်(ဆင်ဟွာ) ဘော့စနီးယား နှင့် ဟာဇီဂိုဗီနား ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး နှင့် ကာကွယ်ရေးအေဂျင်စီ(SIPA) သည် ပမာဏအလွန်များပြားသည့် ရွှေ နှင့် ကျောက်မျက်ရတနာများကို မှောင်ခိုကူးရန် ကြိုးပမ်းမှုဖြင့် သံသယရှိသူ လူပေါင်း ၃ဝ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း SIPA က...