အော်စလို၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) နော်ဝေနိုင်ငံနှင့် တရုတ်နိုင်ငံသည် နိုင်ငံတကာရေးရာကဏ္ဍများတွင် တူညီသော ရပ်တည်ချက် များစွာရှိရာ နော်ဝေအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး ရှေ့ဆက်ဖွံ့ဖြိုးတိုးတက်စေရန် ဆက်လက်ကြိုးစား တွန်းအားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နော်ဝေနိုင်ငံ ဝန်ကြီးချုပ်Erna Solbergက ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ခါတွန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံ ခါတွန်ပြည်နယ် ကျန်းမာရေး အာဏာပိုင်များက မြို့တော် ခါတွန်မြို့ ရှိ ဆေးရုံတစ်ခု၏ ရေခဲတိုက်တစ်ခုတွင် ရုပ်အလောင်း ၃၀၀ ရှိနေကြောင်းစွပ်စွဲချက်ကို ဖေဖော်ဝါရီ ၁၁ရက်က ငြင်းဆန်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မြေစာပြိုကျပိမိ၍ ၆ ဦးသေ၊ ၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဖေဖော်ဝါရီ ၁၀ရက်က ငွေကျပ် သိန်း ၃၉၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့ သစ်ဆင်ကျေးရွာအနီး ကြက်သွန်ကွင်း-မကျည်းစင် ကားလမ်းမိုင်တိုင်(၂၆/၄)ကုန်းဆင်း၌ ဖေဖော်ဝါရီ ၁၀ ရက်၌ ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၇ဦးသေဆုံးပြီး ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ကချင် ပြည်နယ် အစိုးရ အဖွဲ့၏ လမ်းပန်း ဆက်သွယ်ရေး ၊ လျှပ်စစ် နှင့် စက်မှုလက်မှု ဝန်ကြီးဌာနအား လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန နှင့် လျှပ်စစ် နှင့် စက်မှုလက်မှု ဝန်ကြီးဌာန အဖြစ် ပြင်ဆင်...
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) နောက်ထပ် အမေရိကန်အစိုးရယန္တရားရပ်ဆိုင်းမှုအား ရှောင်လွှဲနိုင်ရန်အတွက် “ မူအားဖြင့်သဘောတူညီမှုတစ်ရပ်”ကို အမေရိကန်အထက်လွတ်တော် နှင့် အောက်လွှတ်တော် အမတ်များက ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းတွင် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
စီချွမ်၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ချန်ဒူး ပန်ဒါထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာရှိ ချစ်စဖွယ်ပန်ဒါလေးများ၏ နေထိုင်ဆော့ကစားနေသည့်မြင်ကွင်းvideo ဖိုင်ဖြစ်ပါသည်။(Xinhua)
နယူးယောက်၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် အမေရိကန်ပြည်ထောင်စု နယူးယောက် ရှိ ကုလသမဂ္ဂ ရုံးချုပ်အဆောက်အဦတွင် တရုတ်နိုင်ငံ ၏ သံစုံတီးဝိုင်းအဖွဲ့မှ ဖျော်ဖြေတင်ဆက်မှု ပြုလုပ်သည့် အခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် မြင်ကွင်းအပြည့်အစုံကို အောက်ပါလင့်ခ်မှ တစ်ဆင့်ကြည့်ရှုနိုင်ကြပါသည်။(Xinhua)
ပေကျင်း၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) ဟောင်ကောင်-ကျူးဟိုင်- မကာအိုတံတားကြီး နှင့် ကွမ်ကျိုး-ရှန်းကျန့်- ဟောင်ကောင်အမြန်ရထားလမ်းတို့ ကို မကြာသေးမီက ဖွင့်လှစ်ခဲ့ရာ တရုတ်နိုင်ငံ၏ ရိုးရာ နှစ်သစ်ကူး နွေဦးပွဲတော် အားလပ်ရက်ကာလများအတွင်း အသုံးပြုမှု စံချိန်တင်နိုင်ခဲ့ကြောင်းသိရသည်။ ခရီးသွားများမှာ အမြန် ရထားလမ်းဖြင့် တံတားကြီးဆီ ဖြတ်သန်းသွားလာကြရာ အနောက်ပိုင်း Kowloon...