Connect with us

Latin America

သက်တမ်းလွန်အသားများ တင်ပို့ခြင်းတွင် ကျူးလွန်သူ ၆၃ ဦးကို ဘရာဇီး အရေးယူ

ဘရာဇီးနိုင်ငံရှိ အသားသက်ရုံ တစ်ရုံအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရီယိုဒီဂျနေးရိုး၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံတွင် သက်တမ်းလွန်အသားများ သို့မဟုတ် သန့်စင်မှုမရှိဘဲ ရောနှောအသားများ ရောင်းချခြင်းတွင် ပါဝင်ခဲ့ကြသော လူ ၆၃ ဦးအား လာဘ်စားမှု စီမံချက် တစ်ရပ်အရ တရားစွဲဆိုနိုင်ခဲ့ကြောင်း ဧပြီလ ၁၆ ရက်တွင် ပြည်ထောင်စု ရဲတပ်ဖွဲ့က ပြောသည်။

လက်ရှိတွင် အနည်းဆုံး နိုင်ငံပေါင်း ၂၅ နိုင်ငံသို့ ဘရာဇီးနိုင်ငံမှ အသား တင်ပို့မှုများအား ယာယီ ဆိုင်းငံ့ထားကြောင်း သိရသည်။

တရားစွဲခံထားရသူများတွင် ဆေးဘက်ဆိုင်ရာ မှတ်တမ်းများနှင့် လက်မှတ်များ လိမ်လည် ထုတ်ပေးခြင်း၊ စားသောက်ကုန် လိမ်လည် ထုတ်လုပ်ခြင်း၊ ပူးပေါင်းကြံစည်မှုနှင့် လာဘ်စားခြင်း စသည်တို့ ပါဝင်သည်။

မတ်လအတွင်းက အသား ထုတ်ပိုးသည့် စက်ရုံများတွင် တရားမဝင် လုပ်ဆောင်နေခြင်းများအား စစ်ဆင်ရေး တစ်ရပ်အဖြစ် အမည်တပ်ကာ ရဲတပ်ဖွဲ့က ကျယ်ပြန့်သော စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။

အဆိုပါ စစ်ဆင်ရေးတွင် သက်တမ်းလွန် အသားများအား ရက်စွဲပြောင်းကာ ဈေးကွက်တင်ခြင်း၊ ရေထိုးသည့် အသားများ ရောင်းချခြင်းနှင့် ကျန်းမာရေးနှင့် မညီညွတ်သော ထုတ်လုပ်မှုများအား အဖွဲ့များခွဲကာ လိုက်လံ စုံစမ်းစစ်ဆေး အရေးယူခဲ့ကြသည်။

ထို စစ်ဆေးမှုများတွင် နိုင်ငံတကာသို့ တင်ပို့သော ကမ္ဘာ့ အကြီးဆုံး အသား ထုတ်လုပ်သူနှင့် တင်ပို့သည့် ကုမ္ပဏီကြီး နှစ်ခုဖြစ်သော BRF နှင့် JBS တို့ အပါအဝင် အသား ထုပ်ပိုးစက်ရုံ ၂၁ ခုပါဝင်ခဲ့ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ အကြီးဆုံး အမဲသားနှင့် ကြက်၊ ဘဲများ တင်ပို့သည့် နိုင်ငံဖြစ်သလို ဝက်သားတင်ပို့မှုတွင်လည်း စတုတ္ထမြောက် အကြီးဆုံး ဖြစ်သည်။

ယခုလို သတင်းများကြောင့် ဘရားဇီးနိုင်ငံသည် တစ်နှစ်တာ ဝင်ငွေ အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံ ဆုံးရှုံးဖွယ်ရှိကြောင်း ခန့်မှန်းရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117