Connect with us

Latin America

ကိုလံဘီယာ နိုင်ငံ အလယ်ပိုင်းတွင် မြေပြိုမှု ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ ၁၄ ဦးသေဆုံး

ကိုလံဘီယာ နိုင်ငံ အလယ်ပိုင်း Manizales မြို့တွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှု အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘိုဂိုတာ ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

ကိုလံဘီယာ နိုင်ငံ အလယ်ပိုင်း Manizales မြို့တွင် ဧပြီလ ၁၉ ရက်နေ့ နံနက် အစောပိုင်း အချိန်တွင် မြေပြိုမှု ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး လူပေါင်း ၁၄ ဦးသေဆုံး ခဲ့ကြောင်း သိရှိရသည်။

Manizales မြို့ မြို့တော်ဝန် Octavio Cardona Leon က ဧပြီလ ၁၉ ရက်နေ့က ၎င်း၏ တွစ်တာ စာမျက်နှာတွင် လက်ရှိချိန်၌ မြေပြိုမှု ကြောင့် လူပေါင်း ၁၄ ဦးသေဆုံး ခဲ့ပြီး နေအိမ် အဆောက်အအုံ ၇၅ ခု ပျက်စီး သွားခဲ့ကြောင်း ရေးသား ဖော်ပြခဲ့သည်။

မြို့တော်ဝန် က အခင်းဖြစ်ပွားသည့် နေ့ နံနက်ပိုင်း အချိန်တွင် တွစ်တာ စာမျက်နှာ၌ မြေပြိုမှု ကြောင့် လူပေါင်း ၂၂ ဦးပျောက်ဆုံးနေခဲ့ပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဧပြီလ ၁၈ ရက်နေ့၏ မိုးရေချိန်သည် ၁၄၃ မီလီမီတာ အထိ ရှိခဲ့ပြီး ပုံမှန် တစ်လသာ မိုးရေချိန် စုစုပေါင်း ပမာဏ နှင့် ညီမျှကြောင်း ကို ရေးသား ဖော်ပြခဲ့သည်။

ကိုလံဘီယာ နိုင်ငံ ၏ လက်တလော ကာလပိုင်းတွင် မိုးရွာသွန်းမှု သည် ပုံမှန်ထက် များပြားခဲ့သည်။ ဧပြီလ ဆန်းပိုင်း တွင်လည်း ကိုလံဘီယာ နိုင်ငံ အနောက်တောင်ပိုင်း Putumayo ပြည်နယ် Mocoa မြို့တွင် ဖြစ်ပွားခဲ့သည့် ရေကြီးမြေပြိုမှုကြောင့် လူပေါင်း ၃၁၄ ဦးသေဆုံး ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.