Connect with us

Politics, Law & Military

တရုတ်-မြန်မာ နှစ်နိုင်ငံ ပါတီ နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ၊ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရေး တရုတ် သံအမတ်ကြီး နှင့် ပြည်ခိုင်ဖြိုး ဒုတိယ ဥက္ကဋ္ဌ/ပူးတွဲ ဥက္ကဋ္ဌ တို့တွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hoang Liang နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယ ဥက္ကဌ (ပူးတွဲ ဥက္ကဌ) ဦးဌေးဦး တို့ လက်ဆွဲ နှုတ်ဆက်နေစဉ် (ဓာတ်ပုံ- USDP)

ရန်ကုန် ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု ခိုင်မာစေရေး ၊ တရုန်ကွန်မြူနစ် ပါတီနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတို့အကြား ရှိပြီး ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့ အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hoang Liang နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယ ဥက္ကဌ (ပူးတွဲ ဥက္ကဌ) ဦးဌေးဦး တို့ သြဂုတ်လ ၁၉ ရက်တွင် နေပြည်တော်ရှိ ပါတီဌာနချုပ်၌ ခင်မင် ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် ယှဉ်ပြိင်ရန် ပြင်ဆင်ထားမှု အခြေအနေများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲသို့ သံအမတ်ကြီး Mr. Hoang Liang နှင့်အတူ အဖွဲ့ဝင် ၄ ဦး ပါရှိပြီး ပြည်ခိုင်ဖြိုး ပါတီမှ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟို အတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးခင်ရီ၊ ဌာနကြီးမှူး (စီမံ) ဦးအောင်နိုင်ထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117