Connect with us

Politics, Law & Military

(B&R Forum) ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့တွင် တရုတ် နှင့် ကုလသမဂ္ဂ ပူးပေါင်ဆောင်ရွက်မှု တိုးမြှင့်မည်

တရုတ်နိုင်ငံတော်ကောင်စီဝင် ကော်ဆိမ်ခွန်း နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မေ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကော်ဆိမ်ခွန်း (Guo Shengkun) က ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့တွင် ကုလသမဂ္ဂ နှင့် ပူးပေါင်းဆောင်ရွက်မှုကို တရုတ်နိုင်ငံက တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ထို့ပြင် တရုတ်နိုင်ငံသည် အကြမ်းဖက်မှုတိုက်ဖျက်ရေး နှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး နယ်ပယ်များ အပါအဝင် ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ကုလသမဂ္ဂအဖွဲ့ကြီးနှင့်အတူ နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပေကျင်းမြို့၌ မေလ ၁၄ ရက်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် နှင့်တွေ့ဆုံစဉ် ကော်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့တွင် တရုတ်နိုင်ငံ၏ အားပေးထောက်ခံမှုအတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း နှင့်ပူးပေါင်းဆောင်ရွက်မှုကိုလေးနက်စွာပြုလုပ်သွားမည်ဖြစ်ကြောင်း

ခေတ်သစ်ပိုးလမ်းမနှီးနှောဖလှယ်ပွဲ တက်ရောက်ရန် ပေကျင်းမြို့သို့ရောက်ရှိနေသော ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117