Connect with us

Asia

ဘန်ကောက် ဗုံးပေါက်ကွဲမှု ခေါင်းဆောင် အဖြစ် သံသယရှိသူအား ထိုင်း ရဲတပ်ဖွဲ့ ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ လေးမျက်နှာ ဘုရားကျောင်း၌ ဗုံးပေါက်ကွဲမှု မြင်ကွင်း (ဆင်ဟွာ)

ဘန်ကောက်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဆာကေအိုဒေသ လေးမျက်နှာ ဘုရားကျောင်း၌ ဗုံးပေါက်ကွဲမှုတွင် ခေါင်းဆောင် အဖြစ် သံသယရှိသူအား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး နိုင်ခဲ့သည်ဟု ပြည်တွင်း မီဒီယာများက အင်္ဂါနေ့တွင် သတင်း ထုတ်ပြန် လိုက်သည်။

ထို့အပြင် ဗုံးပေါက်ကွဲမှုတွင် သံသယရှိသူ အဖြစ် ဖမ်းဝရမ်း ထုတ်ခံထားရသည့် ထိုင်းနိုင်ငံသူ ဝမ်နာ စူအန်စန် သည် ပြည်ပတွင် ရောက်ရှိနေပြီး သက်သေ ထွက်ဆိုရန် တာဝန်ရှိသူများအား ဆက်သွယ်လာကြောင်း ငြိမ်းချမ်းရေး အမျိုးသား ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဝင်ထိုင်း စူဝါရီ က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုတွင် သံသယရှိသူ လေးဦးကို ဖမ်းဝရမ်း ထုတ်ထားခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ထဲတွင် သြဂုတ်လ ၁၇ ရက်နေ့ ဗုံးပေါက်ကွဲမှုတွင် ပါဝင်သူ ရှပ်အင်္ကျ ီအဝါ နှင့် အမျိုးသား တစ်ဦး၊ နောက်တစ်နေ့ Sathorn ဆိပ်ကမ်း ဗုံးပေါက်ကွဲ မှုနှင့် ဆက်စပ်နေသော ရှပ်အင်္ကျ ီအပြာနှင့် အမျိုးသားတစ်ဦးတို့ ပါဝင်သည်။

တတိယမြောက် အမျိုးသားကိုတော့ ဘန်ကောက်မြို့ မင်းဘူရီရှိ သူငှားရမ်းထားသော နေအိမ်ခန်းမှာပင် ပေါက် ကွဲစေသော ပစ္စည်းများနှင့် တကွ ဖမ်းဆီးမိခဲ့သည်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့များသည် လုံခြုံရေး တာဝန်ရှိ သူများနှင့် ပူးပေါင်း၍ စုံစမ်း စစ်ဆေးနေသလို မျက်မြင် သက်သေများနှင့် မှုခင်းဆိုင်ရာ သက်သေများမှ သတင်း အချက်အလက်များမှ တဆင့် အမှုမှန် ပေါ်ပေါက်အောင် လုပ်ဆောင်နေကြောင်း သိရပါသည်။

လေးမျက်နှာဘုရား ဗုံးပေါက်ကွဲမှုတွင် အနည်းဆုံး လူပေါင်း ၂၀ ဦးသေဆုံးခဲ့၍ လူပေါင်း ၁၂၀ ကျော်ဒဏ်ရာ ရရှိခဲ့ကာ Sathorn ဆိပ်ကမ်း ပေါက်ကွဲမှုတွင်တော့ ထိခိုက်မိသူ မရှိခဲ့ပါ။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117