Connect with us

China

တရုတ်နိုင်ငံ၏ ကုန်းလမ်းများ၊ရေလမ်းများတွင် ရင်းနှီးမြှုပ်နှံမှု ပထမသုံးလပတ်တွင် ၁၅ ရာခိုင်နှုန်းမြင့်တက်

ပေကျင်း၊ မေ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ကုန်းလမ်းနှင့် ရေလမ်းများတွင် မရွှေ့မပြောင်းနိုင်သောရင်းနှီးမြှုပ်နှံမှုမှာ ၂၀၂၃ ခုနှစ်ပထမသုံးလပတ်တွင် ယမန်နှစ်ကထက် ၁၅ ရာခိုင်နှုန်း ခုန်တက်လာခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။

ယင်းကာလအတွင်း တရုတ်နိုင်ငံ၏ ကုန်းလမ်းနှင့် ရေလမ်းများတည်ဆောက်ရေးလုပ်ငန်းများတွင် ယွမ် ၅၈၈.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၅.၀၅ ဘီလီယံခန့်) ရင်းနှီးမြှုပ်နှံခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အထူးသဖြင့် ကုန်းလမ်းများအတွက် ပုံသေရင်းနှီးမြှုပ်နှံမှုသည် ယွမ်၅၄၈.၆၃ ဘီလီယံ ရှိပြီး ယမန်နှစ် အလားတူကာလကထက် ၁၄.၁ ရာခိုင်နှုန်းတိုးလာခဲ့သည်။ ထို့အတူ ရေလမ်းတည်ဆောက်ရေးလုပ်ငန်းများတွင် ယွမ် ၄၀.၂၇ ဘီလီယံ ရှိခဲ့ကာ ၂၉.၉ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ပုံသေရင်းနှီးမြှုပ်နှံမှုမှာ ပထမသုံးလပတ်တွင် ယွမ်၇၂၀.၅ ဘီလီယံရှိပြီး ယမန်နှစ်ကထက် ၁၃.၃ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
China’s roads, waterways investment up 15 pct in Q1
BEIJING, May 3 (Xinhua) —
China’s fixed-asset investment in roads and waterways jumped 15 percent year on year during the first quarter of this year, official data shows.
More than 588.9 billion yuan (about 85.05 billion U.S. dollars) was invested in the construction of the country’s roads and waterways in the period, according to the Ministry of Transport.
Specifically, fixed-asset investment for roads stood at 548.63 billion yuan, up 14.1 percent from the same period last year, while that for waterways construction surged 29.9 percent to 40.27 billion yuan.
Fixed-asset investment in China’s transport sector jumped 13.3 percent year on year to 720.5 billion yuan in the first quarter, earlier data reveals. ■