Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ တောင်ပိုင်းတွင် ၅.၁ အဆင့်ရှိသော အင်အားအသင့်အတင့်ရှိသည့် ငလျင်တစ်ခုလှုပ်ခတ်

ငလျင်လှုပ်ခတ်မှုပြ မြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတောင်ပိုင်း၌ ယနေ့ ဇွန် ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၈:၁၀ နာရီ တွင် အင်အား ရစ်(ခ်)တာစကေး ၅.၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ဆင်ဟွာသို့ ပြောသည်။ငလျင်ဗဟိုချက်မှာ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ အရှေ့တောင်ဘက် မိုင် ၇၀ အကွာတွင်ရှိသော မြန်မာ့ပင်လယ်ပြင်ကို ဗဟိုပြု၍ လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာယဉ်မျိုးမင်းထွေး ၏ ပြောကြားချက်အရ သိရသည်။

“ဒီငလျင်က မြန်မာ့ပင်လယ်ပြင်ကို ဗဟိုပြုပြီး လှုပ်ရှားခဲ့တာဖြစ်ပါတယ်။ အခုလှုပ်ရှားတဲ့အင်အားအရ ဆူနာမီဖြစ်ဖို့ အလားအလာမရှိပါဘူး။ကျွန်တော်တို့ ပြတ်ရွေ့တည်ရှိရာတစ်လျှောက်တို့ မြေထုချပ်တိုးဝင်တာတို့ အဲ့လိုဖြစ်စဉ်တွေ ရှိတဲ့နေရာမှာ ကုန်းတွင်းပိုင်းလှုပ်ရင် ကုန်းတွင်းပိုင်းငလျင်ဖြစ်ပြီးတော့ ပင်လယ်ရေအောက်ကြမ်းပြင်ကို ဗဟိုပြုပြီးလှုပ်ရင်တော့ ပင်လယ်ပြင်ကိုလှုပ်တယ်လို့ သတင်းထုတ်တာပါ။ ဆူနာမီငလျင်ကတော့ အင်အား ၆.၅ နဲ့အထက်လှုပ်မှ ဖြစ်ဖို့အလားအလာရှိတာပါ”ဟု ဒေါက်တာယဉ်မျိုးမင်းထွေးကပြောသည်။
ငလျင်ကြောင့် ထိခိုက်ပျက်ဆီးမှု မရှိကြောင်း ၎င်းကဆိုသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တစ်ချို့တွင် ငလျင်လှုပ်ရှားမှုကို အနည်းငယ် ခံစားခဲ့သိရှိခဲ့ကြကြာင်း သိရသည်။အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၁၅.၅၀) ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် (၉၆.၃၃) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117