Connect with us

Media

မြန်မာနယ်စပ်ကုန်သွယ်မှု ၃ လနီးပါးအတွင်း ၁၁.၈၇ ရာခိုင်နှုန်း တိုးတက်

ရန်ကုန်၊ ဇူလိုင် ၃ရက် (ဆင်ဟွာ)

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမ ၃ လနီးပါးတွင် မြန်မာ၏ နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ဆောင်ရွက်သော သွင်းကုန်နှင့် ပို့ကုန်ကဏ္ဍ တွင် အမေရိကန်ဒေါ်လာ ၂.၀၁ ဘီလီယံကျော် ဆောင်ရွက်နိုင်ခဲ့ပြီး ယမန်နှစ် ကာလတူကထက် ၁၁.၈၇ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဧပြီ ၁ ရက် မှ ဇွန် ၂၃ ရက်အထိ နယ်စပ်မှတစ်ဆင့် ကုန်စည်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ .၁၁ ဘီလီယံကျော်ရှိပြီး နယ်စပ် သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၉၄.၃၅ သန်းကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။

ယင်းကာလအတွင်း မြန်မာနိုင်ငံသည် စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇.၃၇ ဘီလီယံကျော်ရှိပြီး ယင်းတို့အနက် ရေကြောင်းမှ တစ်ဆင့် ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၅.၃ ဘီလီယံကျော်ပါဝင်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ပင်လယ်ရေကြောင်းလမ်းကြောင်းဖြင့် ကုန်သွယ်မှု အများဆုံးပြုလုပ်ကြောင်း သိရသည်။ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့်မူ နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့်ကုန်သွယ်မှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေး ကြိုးပမ်းမှုအနေဖြင့် မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေး ကုန်စည်ပြပွဲကို မေလတွင် နေပြည်တော်၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ကုန်များ၊ ရေထွက်ကုန်များ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ပစ္စည်းများ၊ စက်မှုကုန်ချောပစ္စည်းများနှင့် အခြားပစ္စည်းများ တင်ပို့လျက်ရှိပြီး၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများအား တင်သွင်းလျက်ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117