Connect with us

Politics, Law & Military

မောင်တောမြို့၌ ဖမ်းဆီးထားသော တရားခံ ၃၁ဦးအား အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်မှုရှိမရှိ စစ်ဆေး

မောင်တောမြို့နယ်တွင်း အလောင်းများတွေရှိရာနေရာပြ မြေပုံအားတွေ့ရစဉ်(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့၌ ဖမ်းဆီးထားသော တရားခံ ၃၁ဦးအား အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်မှုရှိမရှိ စစ်ဆေးဆောင်ရွက်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မောင်တောမြို့နယ် နယ်မြေ(၆) ကျောက်လှေခါးကျေးရွာ၌ အကြမ်းဖက်အဖွဲ့ဝင်များလျှို့ဝှက် အစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်းသတင်းအရ လှည့်ကင်းပြုလုပ်မှုနှင့်အတူစစ်ဆေးခဲ့ရာ အိမ်ထောင်စုစာရင်းသတ်မှတ်ချက်နှင့် ပြည့်စုံမှုမရှိသည့် ၎င်းကျေးရွာနေမသင်္ကာဖွယ်တရားခံ တစ်ဦးအပါအဝင် ၃၁ဦး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ကျောက်လှေခါးကျေးရွာနေ အစ်မဖြစ်သူနေအိမ်အတွင်းရောက်ရှိနေသည့် မသင်္ကာဖွယ်တရားခံ၃၁ ဦးအနက်မှ မင်္ဂလာကြီးကျေးရွာနေ တရားခံတစ်ဦးသည် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အသွား ၁ ပေ၂ လက်မခန့်ရှိ ဓားဖြင့်ခုတ်ရန် ပြုမူသဖြင့်၎င်းဓားနှင့်အတူဖမ်းဆီးခဲ့ပြီး ယင်းမသင်္ကာဖွယ် တရားခံများအား အကြမ်းဖက်အဖွဲ့နှင့်ပါဝင်ပတ်သက်မှု ရှိ၊ မရှိ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117