Connect with us

Environment, Disasters & Accidents

တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၁ ခု၌ လူဦးရေ ၁ သိန်း ၄ သောင်းကျော် ရေဘေး သင့်ခဲ့ပြီး သေဆုံးသူ ၃ ဦးရှိ

ရန်ကုန်တိုင်းဒေသကြီး အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့မှု တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၃၀ ရက်(ဆင်ဟွာ)

နေပြည်တော် အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၁ ခုတွင် ရေဘေး ဖြစ်ပွားမှုကြောင့် ဘေးသင့် အိမ်ထောင်စု ၃၅,၄၂၂ စုမှ လူဦးရေ ၁၄၃,၁၄၀ ဦး ရေဘေး ခံစားခဲ့ရပြီး သေဆုံးသူ ၃ ဦး ရှိခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်မှု အရ သိရသည်။

ရေဘေး ဖြစ်ပွားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်၌ တစ်ဦး ၊ ချင်းပြည်နယ် တွန်းဇံ မြို့နယ်၌ တစ်ဦး နှင့် ရှမ်းပြည်နယ် သိန္နီ မြို့နယ်၌ တစ်ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ဇူလိုင် ၁ ရက်မှ ဇူလိုင် ၂၈ ရက်အထိ ရေကြီးမှု ဖြစ်ပွားခဲ့သည့် အချက်အလက်များ အရ ဖြစ်ပြီး ယခု လက်ရှိ အခြေအနေ အရ အချို့နေရာများတွင် ရေများ ပြန်လည် ကျဆင်းသွားခြင်းကြောင့် အိမ်ထောင်စု ၁၀၆၀၂ စုခန့်မှ လူဦးရေ ၄၀၅၇၃ ဦးခန့်ရေဘေး ခံစားရလျှက် ရှိကြောင်း သိရသည်။ရေဘေး ဖြစ်ပွားမှုကြောင့် နေပြည်တော် အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၁ ခုရှိ မြို့နယ် ၅၃ မြို့နယ်တွင် ရေဘေး ခံစားခဲ့ရကြောင်း သိရသည်။ထို့အတူ ရေဘေး ဖြစ်ပွားမှုကြောင့် စုစုပေါင်း ကျပ် ၂၂၁,၁၅၃,၆၂၄ ထောက်ပံ့ထားကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်မှု အရ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117