Politics, Law & Military
တရုတ်နိုင်ငံက ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသော်လည်း အချုပ်အခြာပိုင်နက်ထိပါးမှုကို စေ့စပ်ဆွေးနွေးမည်မဟုတ်ဟု သမ္မတရှီ ပြော
ပေကျင်း ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် နိုင်ငံ၏အချုပ်အခြာအာဏာ ၊ လုံခြုံရေး သို့မဟုတ် ဖွံ့ဖြိုးမှုအကျိုးစီးပွားများကို ထိပါလာလျှင် မည်သည့် အခါမျှ စေ့စပ်ဆွေးနွေးမှုပြုလုပ်သွားမည်မဟုတ်ကြောင်း သမ္မတရှီကျင့်ဖိန်က သြဂုတ်လ ၁ ရက်တွင်ပြုလုပ်သည့် တရုတ်တပ်မတော်နေ့အခမ်းအနားတွင် ပြောကြားလိုက်သည်။
တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ဖြစ်သူ သမ္မတရှီကျင့်ဖိန်သည် ယနေ့သြဂုတ်လ ၁ ရက်တွင် ကျရောက်သည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နှစ် ၉ဝ ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ တရုတ်ပြည်သူတွေဟာ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးပါတယ်။ ကျွန်တော်တို့ဟာ ဘယ်သောအခါမှ ရန်လိုမှုတွေ မလုပ်ပါဘူး။ ဒါပေမယ့် ကျူးကျော်မှုအားလုံးကို ချေမှုန်းသွားဖို့ယုံကြည်ချက်အပြည့်ရှိပါတယ်။ ကျွန်တော်တို့ဟာ ဘယ်သူဖြစ်ဖြစ် ၊ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် ဒါမှမဟုတ် ဘယ်နိုင်ငံရေးပါတီဖြစ်ဖြစ် ဘယ်လိုပုံစံနဲ့ဖြစ်စေ ၊ ဘယ်လို အချိန်မှာဖြစ်စေ တရုတ်နိုင်ငံရဲ့ အချုပ်အခြာ ပိုင်နက်ရဲ့ ဘယ်အစိတ်အပိုင်းကိုမျှ ထိပါးလာတာကို ဘယ်သောအခါမှ ခွင့်ပြုမှာမဟုတ်ပါဘူး” ဟု သမ္မတရှီ ကဆိုသည်။
“ ကျွနု်ပ်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးမှုအကျိုးစီးပွား ဒါမှမဟုတ် လုံခြုံရေး ၊ အချုပ်အခြာပိုင်နက် ကို ထိပါးရင် ခါးသည်းတဲ့ တုံ့ပြန်မှုတွေသာ ဖြစ်ပေါ်လာမှာမို့ဘယ်သူတစ်ဦးတစ်ယောက်မျှ မျှော်လင့်မနေသင့်ပါဘူး” ဟု ၎င်းက ဆိုသည်။(Xinhua)