Politics, Law & Military
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က PLA နှစ်ပတ်လည်နေ့တွင် တောင်လှန်ရေးရဲဘော်များ နှင့် အာဇာနည်များကို ဦးညွှတ်အလေးပြု
ပေကျင်း၊သြဂုတ် ၁ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ နှစ်ပေါင်း ၉ဝ ကျော်ကာလအတွင်း ကျဆုံးသွားခဲ့ကြသည့် အာဇာနည်များ နှင့် ကွယ်လွန်သွားခဲ့ကြပြီးဖြစ်သည့် PLA ကိုတည်ထောင်ခဲ့ကြသော တော်လှန်ရေးရဲဘော်များအား သြဂုတ်လ ၁ ရက်တွင် ဦးညွှတ်အလေးပြုခဲ့ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ဖြစ်သူ သမ္မတရှီကျင့်ဖိန်သည် ယနေ့သြဂုတ်လ ၁ ရက်တွင် ကျရောက်သည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နှစ် ၉ဝ ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် တော်လှန်ရေးရဲဘော်များ နှင့် အာဇာနည်များအား ဦးညွှတ် အလေးပြု ခဲ့ခြင်းဖြစ်သည်။
သမ္မတရှီက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို တည်ထောင်ခဲ့ကြသည့် မော်စီတုန်း ၊ ချူအင်လိုင်း၊လျိုရှောက်ချီ ၊ ကျူတယ် ၊ တိန်းရှောင်ဖိန် စသည့် ခေါင်းဆောင်များ နှင့် ဖုန်းဒယ်ဟွိုင်(Peng Dehuai) ၊ လျိုဘော်ချိန်(Liu Bocheng) ၊ ဟဲလုံ(He Long) ၊ ချိန်ရိ(Chen Yi) ၊ လှော်ရုန်ဟွမ်း(Luo Ronghuan) ၊ရှီရှန့်ချန်(Xu Xiangqian) ၊ နီရွန်ကျိန်း(Nie Rongzhen) နှင့် ယဲကျန့်ယင်(Ye Jianying) စသည့် အခြား ခေတ်ဟောင်း တော်လှန်ရေးမျိုးဆက်များအား နာမည်တပ် ဂုဏ်ပြုစကားဆိုခဲ့သည်။
“ သူတို့ရဲ့ ကြီးမြတ်တဲ့ လုပ်ဆောင်ချက်က တရုတ်ပြည်သူများ၏ သမိုင်းကြောင်းမှာ အမြဲမှတ်ကျောက်တင်နေမှာပါ” ဟု ရှီက ဆိုသည်။ ထို့ပြင်သမ္မတရှီက ဆိုရှယ်လစ်ဝါဒထွန်းကာရေး နှင့် တရုတ်ပြည်သူတို့လွတ်မြောက်ရေးအတွက် အသက်ပေးခဲ့ကြသော စစ်သားများနှင့် အရာရှိများအား အောက်မေ့စကားဆိုခဲ့သည်။
“ သူတို့ရဲ့ စွန့်လွှတ် အနစ်နာခံမှုကို အမြဲထာဝရ အမှတ်ရနေမှာပါ” ဟု ၎င်းက ဆိုသည်။(Xinhua)