Connect with us

Media

၃၃ ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် မြင်းစီးအားကစားသမားများ ရွေးချယ်ရန် မြင်းစီးပြိုင်ပွဲများကျင်းပလျက်ရှိ

ရန်ကုန်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)

၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် ၃၃ ကြိမ်မြောက် ဆီးဂိမ်းစ်(SAE Games) ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် မြင်းစီးအားကစားသမားများကို ရွေးချယ်ရန် မြင်းစီးပြိုင်ပွဲများကျင်းပလျက်ရှိကြောင်း မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းအောင်က ဆင်ဟွာသို့ ယနေ့ ဩဂုတ် ၂၀ ရက်တွင် ဆင်ဟွာသို့ပြောသည်။

ဦးဝင်းအောင်က “ဒီနေ့ဆိုရင် နေပြည်တော်မှာ ကီလို ၅၀ ခရီးရှည်မြင်းစီးပြိုင်ပွဲ ကျင်းပပါတယ်။ ကျင်းပရတဲ့ ရည်ရွယ်ချက်က ဆီးဂိမ်းစ်ပြိုင်ပွဲကို ဝင်ဖို့အတွက်က ကျွန်တော်တို့မှာ မြင်းရှိတယ်။ လူရှိတယ်ဆိုပြီး ဒီအတိုင်းသွားပြိုင်လို့မရဘူး။မြင်းနဲ့ လူတွေရဲ့ အရည်အသွေးကို မီဖို့ အတွက် အရင်ဦးဆုံး ပွဲတွေ ကျင်းပပေးရတယ်။ ပွဲတွေကျင်းပတဲ့နေရာမှာ ဒီပြိုင်ပွဲတွေကို အဆင့်ဆင့်အောင်မြင်ပြီးသွားရင် မြင်းရော၊ စီးတဲ့လူရော ကမ္ဘာ့မြင်းစီးအဖွဲ့ချုပ်ရဲ့ အသိအမှတ်ပြုမှု One Star Level ရမယ်။ အဲဒီOne Star Level ရမှ ဆီးဂိမ်းကို ဆက်ပြိုင်လို့ရမှာပါ” ဟုပြောသည်။

ဆီးဂိမ်းစ်(SAE Games) ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် မြင်းစီးအားကစားသမားများကို ရွေးချယ်ရန် အရည်အချင်းစစ်သည့် မြင်းစီးပြိုင်ပွဲပေါင်း ၄ ကြိမ်ကျင်းပရမည်ဖြစ်ကြောင်း သိရသည်။

“အခုပြိုင်ပွဲက ၅၀ ကီလိုမီတာကို လမ်းကြောင်း ၂ကြောင်းပေါ့။ ပထမ ကီလို ၃၀ စီးမယ်။ တာထွက်တဲ့နေရာကို ပြန်ဝင်လာမယ်။ ဝင်လာပြီးရင် အဲဒီမှာ ဆရာဝန်တွေက ၁၅ မိနစ်အတွင်းမှာ မြင်းကိုနှလုံးခုန်နှုန်းတွေဘာတွေ တိုင်းရတယ်။ မြင်းရဲ့ နှလုံးခုန်နှုန်းက သတ်မှတ်ထားတဲ့ heart beat အတိုင်းပဲရှိရမယ်။ သတ်မှတ်ထားတဲ့ heart beat ရဲ့ အထက်တက်သွားရင် ပယ်တယ်။ ဘယ်လောက်အကွာအဝေးကိုပဲဖြစ်ဖြစ် သူ့ရဲ့ အနှစ်သာရကဘာလဲဆိုတော့ ခရီးအကွာအဝေး ဘယ်လောက်ပဲ ဝေးဝေး မြင်းနဲ့လူနဲ့တစ်သားတည်းကျပြီး မြင်းကိုညှာညှာတာတာနဲ့ ခိုင်းတယ်ဆိုတာက အနှစ်သာရပဲပေါ့။ အဝေးစီးလာပြီးမှ ရောက်လာရင်လည်း မြင်းရဲ့ heart beat အတိုင်းပဲ ရှိနေရမယ်။ ပြီးရင် မြင်းက တစ်စုံတစ်ရာ ပြင်ပဒဏ်ရာ မရှိရဘူး။ ပြင်ပဒဏ်ရာရှိရင်လည်း ပယ်တယ်။ အဲဒါအောင်မြင်တော့ မှ ဒုတိယအကြိမ် ကီလို ၂၀ ကို ဆက်ပြီးစီးခွင့်ရှိတာပါ။ ဒုတိယအကြိမ်စီးရင်လည်း ဒီအတိုင်းပဲ ပြန်စိစစ်တယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။
One Star အဆင့်ရရှိရန်အတွက် ယှဉ်ပြိုင်ရသည့်အခါ ကီလိုမီတာအလိုက် ယှဉ်ပြိုင်ရသော အရည်အချင်းစစ်သည့် မြင်းစီးပြိုင်ပွဲများ အဆင့်ဆင့်ကို အဆင့်အလိုက် အောင်မြင်သည့် မြင်းနှင့် လူကသာ နောက်ဆုံးအဆင့်ကို ထပ်မံတက်လှမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
“အရေးကြီးတာက ဒီပြိုင်နည်းက ဆုရတာမရတာထက် ဒီခရီးအကွာအဝေးကို pass ဖြစ်အောင်စီးနိုင်တယ်ဆိုတဲ့ဟာက အရည်အသွေးပဲ။ ကိုဗစ်မတိုင်ခင်က ကျွန်တော်တို့ အရည်အချင်းစစ်ပြိုင်ပွဲတွေလုပ်ခဲ့ပြီး ကိုဗစ်ကြောင့်ရပ်သွားခဲ့ပါတယ်။ အခုကတော့ အရည်အချင်းစစ်ပြိုင်ပွဲကို ပြန်ပြီးစတင်တာပါ” ဟု ဦးဝင်းအောင်ကပြောသည်။
နေပြည်တော်၌ ယနေ့ ဩဂုတ် ၂၀ရက်တွင် ကျင်းပသည့် ၅၀ ကီလိုမီတာ ခရီးရှည် မြင်းစီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နှင့် ပုဂံမြို့တို့မှ အားကစားသမား ၂၃ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

“တိရစ္ဆာန်နဲ့ ပေါင်းပြီး ယှဉ်ပြိုင်ရတဲ့ အားကစားနည်းဖြစ်လို့ တိရစ္ဆာန်တွေအပေါ်မှာ နားလည်တဲ့ နားလည်မှုတွေ မှန်ကန်ဖို့လိုတယ်။ အဲဒါတွေပေါင်းစည်းပြီးသေချာလုပ်နိုင်ရင်အောင်မြင်မှာပါ” ဟု ဦးဝင်းအောင်ကပြောသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117