Connect with us

Media

တရုတ်နိုင်ငံ၏ စက်ရုပ်လုပ်ငန်းက ကမ္ဘာ့စီးပွားရေးနာလန်ထူမှုကို တွန်းအားပေး

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ကမ္ဘာ့စက်ရုပ်ညီလာခံ ၂၀၂၃ တွင် တရုတ်နာမည်ကျော်ကဗျာဆရာ Li Bai နှင့် ဆင်တူသော လူသားသဏ္ဌာန်စက်ရုပ်ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)

တရုတ် ထန်မင်းဆက် (၆၁၈-၉၀၇) ခေတ်က နာမည်ကျော်ကဗျာဆရာများဖြစ်ကြသော Li Bai နှင့် Du Fu တို့၏ သွင်ပြင်လက္ခဏာများဖြင့် လူသားသဏ္ဌာန်စက်ရုပ်များကို လက်ရှိကျင်းပနေသော ၂၀၂၃ ခုနှစ် ကမ္ဘာ့စက်ရုပ်ညီလာခံ (WRC) ၌ စိတ်ဝင်စားမှုများပြားခဲ့သည်။

“သူတို့ရဲ့ ခန္ဓာကိုယ်ပုံသဏ္ဌာန်နဲ့ မျက်နှာအမူအရာတွေက သဘာဝကျတယ်။ သူတို့ရဲ့ စကားသံ၊ ပြောဟန်ဆိုဟန်တွေက တကယ့်လူအတိုင်းပဲ။ ပရိသတ်တွေနဲ့လည်း အပြန်အလှန်ပြောဆိုနိုင်တယ်။ ပြီးတော့ သူတို့ကို ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနဲ့ ပညာရေး အပါအဝင် နယ်ပယ်များစွာမှာ အသုံးပြုနေပါတယ်” ဟု EX Robots ကုမ္ပဏီ တာဝန်ရှိသူ Zheng Yaxin က ပြောခဲ့သည်။

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဩဂုတ် ၁၆ ရက်မှစတင်၍ ၇ ရက်ကြာ ကျင်းပမည့် အခမ်းအနား၌ ကမ္ဘာတစ်ဝန်းမှ စက်ရုပ်ကုမ္ပဏီ ၁၆၀ ခန့် ပါဝင်ပြသခဲ့ကြသည်။ အဆိုပါ ကုမ္ပဏီများက စက်ရုပ်ပေါင်း ၆၀၀ နီးပါး ပြသခဲ့ကြသည်။

တရုတ်နိုင်ငံ စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး Xin Guobin က “စက်ရုပ်လုပ်ငန်းက အဆင့်မြင့်ကုန်ထုတ်လုပ်မှုကို ကိုယ်စားပြုပြီး အသိဉာဏ်ခေတ် လူ့အဖွဲ့အစည်းဆီ ဦးတည်နေကာ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ပေးသလို လူသားမျိုးနွယ်ရဲ့ ကောင်းကျိုးသုခကိုလည်း မြှင့်တင်ပေးတယ်” ဟု ပြောကြားခဲ့သည်။

ထို့ပြင် လက်တံများစွာပါ၍ သစ်သီးခူးဆွတ်နိုင်သော စက်ရုပ်ကလည်း ကမ္ဘာ့စက်ရုပ်ညီလာခံ (WRC) တွင် လူအများစိတ်ဝင်စားခြင်းခံခဲ့ရသည်။ ယင်းစက်ရုပ်က ပရိသတ်များကို ခေတ်မီ၍ အသိဉာဏ်ရှိသော လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်နားလည်သိရှိစေခဲ့ကြောင်း သိရသည်။

“စက်ရုပ်လက်တံနဲ့ သစ်သီးခူးတဲ့စက်ကိရိယာတွေက တစ်နာရီလျှင် သီးနှံ အလုံး ၄၀၀ မှ ၅၀၀ အထိ အလိုအလျောက် ခူးဆွတ်ကာ သိုလှောင်သိမ်းဆည်းနိုင်စွမ်းရှိတယ်။ ပြီးတော့ သူတို့က အချိန်နဲ့တစ်ပြေးညီ အလုပ်လုပ်နိုင်ပြီး သစ်သီးပျက်စီးဆုံးရှုံးမှုကိုလည်း သိသိသာသာ လျော့နည်းစေတယ်” ဟု လက်တံများစွာပါ၍ သစ်သီးခူးဆွတ်နိုင်သော စက်ရုပ် သုတေသနစီမံကိန်း ဝန်ထမ်း လီထောင်က ပြောသည်။

အဆိုပါ စက်ရုပ်ကို ပေကျင်းမြို့နှင့် တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်တို့တွင် အသုံးပြုလျက်ရှိပြီး အမေရိကန်နှင့် ဩစတြေးလျကဲ့သို့ ပြည်ပဈေးကွက်များသို့ ထပ်မံချဲ့ထွင်ရန် စီစဉ်ထားကြောင်း လီက မှတ်ချက်ပြုခဲ့သည်။ (Xinhua)

………………………………
(English Version)
China’s robot industry spurs world economic recovery
BEIJING, Aug. 20 (Xinhua) — Humanoid robots with the appearance of Chinese Tang Dynasty (618-907) poets Li Bai and Du Fu have been a hit at the ongoing 2023 World Robot Conference (WRC).
“Their body shapes and expressions look natural. They simulate the voices and actions of real people and interact with the audience. They have already been utilized in many fields including culture, tourism and education,” said Zheng Yaxin, an official with EX Robots.
The seven-day event began on Wednesday in Beijing, featuring the participation of around 160 robot enterprises from around the world. These companies showcased nearly 600 sets of robots.
Xin Guobin, vice minister of industry and information technology, said, “The robot industry represents advanced manufacturing and is leading human society to an intelligent era, boosting world economic development and improving the well-being of mankind.”
The multi-arm fruit-picking robot was also eye-catching at the WRC, which enabled the audience to have a direct understanding of modern and intelligent agricultural development.
“The robot arm and the fruit-picking devices are capable of automatically picking and storing 400 to 500 pieces of fruit per hour. To enhance efficiency, it works around the clock and has the ability to minimize fruit damage significantly,” said Li Tao, a staffer with the research project of multi-arm fruit-picking robot.
The robot has been applied in Beijing and east China’s Shandong Province, which plans to further expand to overseas markets like the United States and Australia, Li noted.
Photo: A humanoid robot resembling ancient Chinese poet Li Bai performs at the World Robot Conference 2023 in Beijing, capital of China, Aug. 16, 2023.(Xinhua/Wang Yuguo)