Connect with us

Economy

တရုတ်နိုင်ငံ၊ ကွမ်တုန်းပြည်နယ်၌ ကျင်းပမည့် (၁၃၄)ကြိမ်မြောက် ကွမ်တုန်း သွင်းကုန်ပို့ကုန်ကုန်စည်ပြပွဲ သို့ ပြသရန် မြန်မာလုပ်ငန်းရှင်များအား ဖိတ်ခေါ်

ရန်ကုန်မြို့၊ Wyndham Grand Hotel ၌ ကွမ်တုန်းကုန်စည်ပြပွဲ အကြိုမိတ်ဆက် အခမ်းအနား (Promotion Conference of the 134th Canton Fair) ကို ဩဂုတ် ၂၂ ရက်က ကျင်းပခဲ့စဉ် (ဓာတ်ပုံ- UMFCCI)

ရန်ကုန်၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ ကွမ်တုန်းပြည်နယ်၌ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှ ၃၁ ရက်အထိ Canton Fair Complex တွင် ကျင်းပမည့် ၁၃၄ ကြိမ်မြောက် ကွမ်တုန်း သွင်းကုန်ပို့ကုန်ကုန်စည်ပြပွဲကြီး (China Import and Export Fair) တွင် မြန်မာလုပ်ငန်းရှင်များအား ဝင်ရောက်ပြသနိုင်ရန် ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်မြို့၊ Wyndham Grand Hotel ၌ ကွမ်တုန်းကုန်စည်ပြပွဲ အကြိုမိတ်ဆက် အခမ်းအနား (Promotion Conference of the 134th Canton Fair) ကို ဩဂုတ် ၂၂ ရက်က ကျင်းပခဲ့စဉ် (ဓာတ်ပုံ- UMFCCI)

အဆိုပါ နိုင်ငံတကာ ကုန်စည်ပြပွဲကြီးသည် တရုတ်နိုင်ငံ၏ ကုန်စည်ပြပွဲများအနက် နံပါတ် ၁ ကုန်စည်ပြပွဲကြီး တစ်ခုဖြစ်ပြီး၊ တရုတ်နိုင်ငံနှင့် နိုင်ငံတကာကုန်သွယ်ရေးမှာ အရေးပါသည့် ပြတင်းပေါက်ဖြစ်သည့်အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးမှာ အရေးပါလျက်ရှိကြောင်း၊ နိုင်ငံတကာ မှ Supplier နှင့် Buyer များအကြား ချိတ်ဆက် ပေးသည့် Platform တစ်ခုဖြစ်ကြောင်း UMFCCI ၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

(၁၃၄)ကြိမ်မြောက် ကွမ်တုန်း ကုန်စည်ပြပွဲကို Online/Offline နှစ်မျိုးဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြခန်းပေါင်း ၇၄,၀၀၀ ခန့်ပါဝင်ကာ နိုင်ငံတကာ အရည်အသွေးကောင်းမွန်သည့် ကုန်ပစ္စည်းများကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အထူးသဖြင့် စွမ်းအင်သုံးကား၊ လယ်ယာထွက်ကုန်ပစ္စည်း၊ စက်နှင့်လျှပ်စစ်ပစ္စည်း၊ အိမ်အသုံးအဆောင်ပစ္စည်း၊ နည်းပညာဆိုင်ရာ ဆက်စပ်ပစ္စည်းစသည်တို့ကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ဓနုမယ် ကော်ဖီနှင့် စားသောက်ကုန်လုပ်ငန်းမှ ပိုင်ရှင် မမေဇော်ခိုင်က “အခုကျင်းပမယ့် ကုန်စည်ပြပွဲကို သွားရောက်ပြသဖို့ စိတ်ဝင်စားပါတယ်။ အရမ်းလည်းအကျိုးရှိပါတယ်” ဟု ဆင်ဟွာသို့ ယနေ့ပြောသည်။

ပြပွဲနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို www.cantonfair.org.cn တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း UMFCCI ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117