Connect with us

Media

၁၀ ကြိမ်မြောက် မယ်စကြဝဠာမြန်မာ ပြိုင်ပွဲတွင် အလှမယ် ၃၂ ဦးဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)

၇၂ ကြိမ်မြောက် မယ်စကြဝဠာ ပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာကိုယ်စားပြု အလှမယ်အဖြစ် ရွေးချယ်မည့် Miss Universe Myanmar 2023 ပြိုင်ပွဲကို ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်တွင် စက်တင်ဘာ ၁၄ ရက်၌ ကျင်းပသွားမည်ဖြစ်ကြောင်း Miss Universe Myanmar Organization မှ National Director ဒေါ်စိုးယုဝေက ဆင်ဟွာသို့ ဩဂုတ်၂၅ ရက်တွင် ပြောသည်။

အဆိုပါ ၁၀ ကြိမ်မြောက် မယ်စကြဝဠာမြန်မာ ပြိုင်ပွဲတွင် အလှမယ် ၃၂ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကာ ဗန်းမော်၊ ရန်ကုန် (အရှေ့ပိုင်းခရိုင်)၊ မော်လမြိုင်၊ တောင်ကြီး၊ ဖလမ်း၊ စစ်တွေ၊ မြစ်ကြီးနား၊ မိုးကုတ်၊ ကွတ်ခိုင်၊ မူဆယ်၊ ပုသိမ်၊ လာရှိုး၊ ပြည်၊ ပြင်ဦးလွင်၊ ပျဉ်းမနား၊ ရန်ကုန် (တောင်ပိုင်းခရိုင်)၊ ဖားကန့်၊ ကော့ကရိတ်၊ ဘားအံ၊ အမရပူရ၊ မုံရွာ၊ မိတ္ထီလာ၊ ကျိုင်းတုံ စသည့် မြို့ကိုယ်စားပြု အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117