Media
ဟန်ကျိုးအာရှအားကစားပွဲ မီးရှူးတိုင်လက်ဆင့်ကမ်းသယ်ဆောင်မှုကို စက်တင်ဘာ ၈ ရက်တွင် စတင်မည်
ဟန်ကျိုး၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)
ဟန်ကျိုးအာရှအားကစားပွဲ မီးရှူးတိုင်လက်ဆင့်ကမ်းခြင်းကို စက်တင်ဘာ ၈ ရက်တွင် စတင်ကာ စက်တင်ဘာ ၂၀ ရက်အထိတိုင်အောင် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ မြို့ပေါင်း ၁၁ မြို့၌ လှည့်လည်သယ်ဆောင်မည်ဖြစ်ကြောင်း အားကစားပွဲဖြစ်မြောက်ရေးစီစဉ်သူများက ဩဂုတ် ၂၄ ရက် သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့သည်။
အားကစားပွဲအတွက် စာရင်းသွင်းခြင်းမှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ အားကစားပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် နိုင်ငံနှင့် ဒေသ ၄၅ ခုမှ အားကစားသမား ၁၂,၄၁၇ ဦး၊ တာဝန်ရှိသူ ၄,၉၇၅ ဦးတို့က စာရင်းသွင်းထားကြောင်း ဟန်ကျိုး အာရှအားကစားပွဲဖြစ်မြောက်ရေးကော်မတီ (HAGOC) အရ သိရသည်။
ဟန်ကျိုး အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်း ၄၀ ၊ ပြိုင်ပွဲကြီး ၆၁ ပွဲနှင့် ပြိုင်ပွဲငယ် ၄၈၁ ပွဲပါဝင်သည်။ အားကစားနည်း ၂၉ ခုမှာ ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ် အစီအစဉ်၌ ပါဝင်ကြောင်း၊ အခြားအားကစားနည်းများမှာ အရှေ့တောင်အာရှဒေသ၏ ပိုက်ကျော်ခြင်းအားကစားနှင့် တောင်အာရှဒေသ၏ kabaddi အားကစားကဲ့သို့ ကမ္ဘာ့တိုက်ကြီးများ၏ ကွဲပြားခြားနားသော အားကစားယဉ်ကျေးမှုကို ရောင်ပြန်ဟပ်သော အားကစားနည်းများလည်း ပါဝင်ကြောင်း သိရသည်။
ဟန်ကျိုး အာရှအားကစားပွဲကို စက်တင်ဘာ ၂၃ ရက်တွင် စတင်ကျင်းပပြီး အောက်တိုဘာ ၈ ရက်၌ ပြီးဆုံးမည်ဖြစ်ကြောင်း၊ ပထမဆုံး ရွှေတံဆိပ်ဆုကို စက်တင်ဘာ ၄ ရက်၌ ဆုံးဖြတ်မည်ဖြစ်သည်။ ဖွင့်ပွဲအခမ်းအနား၌ ဘောလုံး၊ ဘော်လီဘောနှင့် ခရစ်ကတ်ပြိုင်ပွဲများကို ဦးစားပေးစတင်ကျင်းပမည် ဖြစ်သည်။ (Xinhua)
……………………………….
(English Version)
Torch relay for Hangzhou Asian Games to start on September 8
HANGZHOU, Aug. 24 (Xinhua) — The torch relay for the Hangzhou Asian Games will start on September 8 and cover 11 cities in east China’s Zhejiang Province until September 20, organizers announced at a press conference here on Thursday.
The registration for the Games has been completed, as 12,417 athletes and 4,975 officials from 45 countries and regions have registered to participate, according to the Hangzhou Asian Games Organizing Committee (HAGOC).
The Hangzhou Asian Games feature 40 sports, 61 disciplines, and 481 events. 29 sports have been included in the program of the 2024 Paris Olympics, while the others are sports which reflect the diverse sporting culture of the continent such as Southeast Asia’s sepak takraw and South Asia’s kabaddi.
The Hangzhou Asian Games will open on September 23 and close on October 8, with its first gold medal to be decided on September 24. Football, volleyball and cricket competitions will start prior to the opening ceremony.