Connect with us

Sino-Myanmar

ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်း “စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်”မှ YESC သို့ ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင်များ လှူဒါန်း

ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်း “စိတ်ချင်းယှက်နွယ်ယူနန် အစီအစဉ်မှ” ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသို့ ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင် အစုံ ၆၀ လှူဒါန်းခြင်းအခမ်းအနားမြင်ကွင်းများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)

ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်း၊ စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ် (Yunnan Hand in Hand Program) မှ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) သို့ ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင် အစုံ ၆၀ လှူဒါန်းခြင်းအခမ်းအနားကို ဩဂုတ် ၂၉ ရက်၌ ရန်ကုန်မြို့ရှိ Myanmar International Education Center တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက “ယူနန်ပြည်နယ် ပြည်သူ့ပြည်ပ ချစ်ကြည်ရေးအသင်း စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ် (Yunnan Hand in Hand Program) ကနေ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကို ဆိုလာလမ်းမီး အစုံ (၆၀) လှူဒါန်းတဲ့အတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ကိုယ်စား ကျေးဇူးတင်ရှိပါတယ်။ အခုလို လှူဒါန်းတဲ့အတွက် လည်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုများ ပိုမိုတိုးပွားလာကြောင်း သိရှိခံစားရတဲ့အတွက်များစွာ ဝမ်းမြောက်မိပါတယ်” ဟု ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်း “စိတ်ချင်းယှက်နွယ်ယူနန် အစီအစဉ်မှ” ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသို့ ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင် အစုံ ၆၀ လှူဒါန်းခြင်းအခမ်းအနားမြင်ကွင်းများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်း “စိတ်ချင်းယှက်နွယ်ယူနန် အစီအစဉ်မှ” ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသို့ ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင် အစုံ ၆၀ လှူဒါန်းခြင်းအခမ်းအနားမြင်ကွင်းများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်း “စိတ်ချင်းယှက်နွယ်ယူနန် အစီအစဉ်မှ” ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသို့ ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင် အစုံ ၆၀ လှူဒါန်းခြင်းအခမ်းအနားမြင်ကွင်းများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ဆိုလာလမ်းမီး နှင့် ၆ မီတာ လမ်းမီးတိုင် အစုံ-၆၀ ပစ္စည်းများမှာရန်ကုန်မြို့သို့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက် က ရောက်ရှိခဲ့ကြောင်း၊ ဆိုလာလမ်းမီးနှင့် ၆ မီတာလမ်းမီးတိုင် အစုံ-၅၀ ကို ရန်ကုန် မြို့ရှိ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအားကစားကွင်း ပတ်လမ်းတွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက် တွင် စတင်တပ်ဆင်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၄ ရက်တွင် တပ်ဆင်ခြင်း လုပ်ငန်းများ ပြီးစီးခဲ့ကြောင်း၊ ကျန်ဆိုလာလမ်းမီးနှင့် ၆ မီတာ လမ်းမီးတိုင် အစုံ-၁၀ ကိုလျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊နေပြည်တော်သို့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၅ ရက်တွင် ပေးပို့ လှူဒါန်းခဲ့ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။
ဆိုလာလမ်းမီးနှင့် ၆ မီတာ လမ်းမီးတိုင် အစုံ-၆၀ သည် တန်ဖိုးအားဖြင့် တရုတ်ယွမ် ၃၀၀,၀၀၀ (၃ သိန်း) ကုန်ကျ ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်း “စိတ်ချင်းယှက်နွယ်ယူနန် အစီအစဉ်မှ” ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသို့ ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင် အစုံ ၆၀ လှူဒါန်းခြင်းအခမ်းအနားမြင်ကွင်းများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်း “စိတ်ချင်းယှက်နွယ်ယူနန် အစီအစဉ်မှ” ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသို့ ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင် အစုံ ၆၀ လှူဒါန်းခြင်းအခမ်းအနားမြင်ကွင်းများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအားကစားကွင်း ပတ်လမ်းတွင် တပ်ဆင်ထားသော ဆိုလာမီးများကိုတွေ့ရစဉ် (ဆင်ဟွာ)

“အခုလှူဒါန်းတဲ့ ဆိုလာလမ်းမီးများက နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး အလင်းရောင်ရရှိတဲ့ မီးလုံးအမျိုးအစားများ ဖြစ်လို့ လျှပ်စစ်ဓာတ်အားကို ချွေတာရာရောက်တဲ့အပြင် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု အလွန်နည်းပါးစေမှာဖြစ်လို့ အရမ်းအကျိုးရှိပါတယ်” ဟု ဦးဇော်ဝင်းက ဖြည့်စွက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ စီးပွားရေးသံမှူး မစ္စတာ Ouyang Daobing က “ဒီပရောဂျက်ကတော့ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း တစ်လျှောက်မှာရှိတဲ့ ညဘက်မီးအလင်းရောင်တွေကို ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ပေးတာဖြစ်လို့ ပြည်သူတွေသွားရေးလာရေးနဲ့ လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာ အဆင်ပြေပြီး မီးတွေထိန်လင်းနေတော့ ပြည်သူတွေအတွက်လုံခြုံမှုကိုလည်း ခံစားရစေမှာဖြစ်ပါတယ်။ ဒါက တရုတ်-မြန်မာပေါက်ဖော်ချစ်ကြည်ရေးနဲ့ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရာမှာ မြန်မာပြည်သူတွေအတွက် ရလဒ်ကောင်းကို ရရှိစေပါတယ်” ဟုပြောသည်။
မြန်မာနိုင်ငံရှိ ယူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ်ရုံးမှ Chief Representative Gao Wei က “သုဝဏ္ဏ အားကစားကွင်း အနီးတစ်ဝိုက်မှာ ဆိုလာလမ်းမီးများ တပ်ဆင်ခြင်းကနှစ်နိုင်ငံ ပြည်သူများရဲ့ ချစ်ကြည်ရင်းနှီးမှုကို နက်ရှိုင်းစေပါတယ်” ဟုပြောသည်။

“လက်ရှိမှာ ဒီဆိုလာမီးတွေကို အောင်မြင်စွာတပ်ဆင်အသုံးပြုနေပြီး ညပိုင်းမှာ ပိုမိုကောင်းမွန်တဲ့ အနေအထားကို ဖန်တီးနိုင်ပါတယ်။ ပြီးတော့ အနီးအနားမှာ နေသူတွေအတွက်လည်း ပိုမိုလုံခြုံတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပြီး မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူတွေရဲ့ချစ်ကြည်ရင်းနှီးမှုကို ပိုမိုနက်ရှိုင်းစေပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.