Connect with us

Asia

တောင်ကိုရီးယားရှိ သင်္ဘောကျင်း တစ်ခုမီးလောင်မှုဖြစ်ပွားရာ အလုပ်သမား ၄ ဦးသေဆုံး

တောင်ကိုရီးယားနိုင်ငံ၌ မီးလောင်မှုဖြစ်ပွားသော သင်္ဘောကျင်းအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆိုးလ် ၊ သြဂုတ် ၂ဝ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း Gyeongsang ပြည်နယ် Changwon မြို့ရှိ STX သင်္ဘောတည်ဆောက်ရေး သင်္ဘောကျင်း၌ ယနေ့(သြဂုတ်လ ၂ဝ ရက်)တွင် ရေနံတင်သင်္ဘောတစ်စင်း မီးလောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ယုန်ဟတ် (Yonhap) သတင်းဌာနက သတင်းဖော်ပြခဲ့သည်။

အဆိုပါမီးလောင်မှုသည် ဆိုးလ်မြို့မှ အရှေ့တောင်ဘက် ၄၅ဝ ကီလိုမီတာအကွာရှိ Changwon မြို့၌ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၃၇ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း နှင့် အနက် ၁၂ မီတာ ရှိ ရေနံတင်သင်္ဘောကိုယ်ထည်အတွင်း ဆေးသုတ်နေသော သင်္ဘောသားများကို မီးစွဲလောင်ကျွမ်းခဲ့ကြောင်း တောင်ကိုရီးယားအမျိုးသား မီးသတ်အေဂျင်စီ၏ ပြောကြားချက်ကို ကိုးကား၍ ယုန်ဟတ်သတင်းဌာနက ဆိုသည်။အဆိုပါ ရေနံတင်သင်္ဘောကိုယ်ထည်သည် ကုန်ပစ္စည်းတန်ချိန် ၇၄ဝဝဝ တန် ဝင်ဆံ့ကြောင်း နှင့် မီးလောင် ပေါက်ကွဲရခြင်းအကြောင်းကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117