Connect with us

Science & Technology

တရုတ်နိုင်ငံချင်းဟိုင်ပြည်နယ် မှ ရုရှားနိုင်ငံသို့သွားရောက်မည့် ကုန်တင်ရထားစတင်ထွက်ခွာ

တရုတ်နိုင်ငံ မှ ဥရောပတိုက်သို့ ပြေးဆွဲမည့် ကုန်တင်ရထား တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းချင်းဟိုင်ပြည်နယ် ဂိုလ်မတ် မှ စတင်ထွက်ခွာနေစဉ်(ဆင်ဟွာ)

ရှီနင် ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် ဥရောပတိုက်ကို ဆက်သွယ်ပေးမည့် ရထားပို့ဆောင်ရေးဝန်ဆောင်မှု ကနဦးစတင်မှု အသစ်တစ်ရပ်အဖြစ် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ပြည်နယ် မှ ရုရှားနိုင်ငံသို့သွားရောက်မည့် ကုန်တင်ရထားတစ်စင်းသည် သြဂုတ်လ ၂ဝ ရက်တွင် ဂိုလ်မတ်မြို ့ မှ စတင်ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါဓာတုပစ္စည်များ တင်ဆောင်ထားသော ကုန်တင်ရထားသည် တရုတ်နိုင်ငံ ရှီနင်ဒေသ မှစတင်ထွက်ခွာပြီး ကာဇက်စတန်နိုင်ငံကို ဖျက်ကျော်ကာ ထိုမှတဆင့် ရုရှားနိုင်ငံထဲသို့ဝင်ရောက်သွားမည်ဖြစ်သည်။ ခရီးအကွာအဝေးမှာ ၆၃၆ဝ ကီလိုမီတာ ရှိပြီး လမ်းခရီးကြာချိန် စုစုပေါင်း ၁ဝ ရက် ရှိမည်ဖြစ်သည်။ ယခင်က ၎င်းခရီးစဉ်အတွက် ရေလမ်းကြောင်းအသုံးပြုပါက ကြာချိန် ရက်ပေါင်း ၃ဝ ထိ ရှိခဲ့ကြောင်း သိရသည်။“ ပြည်တွင်းထွက်ကုန်တွေကို နိုင်ငံတကာဈေးကွက်မှာ ပိုမိုယှဉ်ပြိုင်နိုင်ဖို့ရထားလမ်းဝန်ဆောင်မှုက တွန်းအားပေးနိုင်ပါလိမ့်မယ်” ဟု ချင်းဟိုင်ရှိ တိဖက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဟိုင်ရှီမွန်ဂို ဒေသ၏ အုပ်ချုပ်ရေးမှူး မန်ဟိုင်း (Meng Hai) ကပြောကြားခဲ့သည်။ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးဖော်ဆောင်မှုကို တွန်းအားပေးသည့်အနေဖြင့် တရုတ်နိုင်ငံ၏ မြို့ပေါင်း ၂ဝ ကျော်မှ ဗဟိုအာရှ နှင့် ဥရောပ နိုင်ငံများသို့ရထားပို့ဆောင်ရေးများ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117