Connect with us

Myanmar

ခရမ်းချဉ်သီးသေတ္တာများအတွင်း သိုဝှက် သယ်ဆောင်လာသော ကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဝေါမြို့နယ်အတွင်း သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများနှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ- CCDAC)

ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ခရမ်းချဉ်သီးသေတ္တာများအတွင်း သိုဝှက် သယ်ဆောင်လာသည့် ကာလတန်ဖိုး ကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ
စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်၌ တောင်ကြီး-မြဝတီ ခရီးသည်တင်ယာဉ်ကိုရှာဖွေစစ်ဆေးရာ ယာဉ်ပေါ်ပါ ခရမ်းချဉ်သီးသေတ္တာများအတွင်း သိုဝှက် သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ဆက်လက်ပြီး အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ပိုင်ရှင်အမျိုးသားတစ်ဦးအား စက်တင်ဘာလ ၁၃ ရက် မွန်းတည့် ၁၂ နာရီအချိန် မြဝတီမြို့၊ စိမ်းလဲ့မြိုင်အဝေးပြေးကားဝင်း၌ TOYOTA IPSUM ယာဉ်တစ်စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများပိုင်ရှင်ကို စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ယင်း ပိုင်ရှင်အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117