Connect with us

Politics

မြန်မာနိုင်ငံ မန္တလေးမြို့တွင် ၂၀၂၃ တရုတ်-မြန်မာ Twin City Media Forum ကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိ

၂၀၂၃ ခုနှစ် တရုတ်-မြန်မာ Twin City Media Forum ကျင်းပရေး ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား တရုတ်နိုင်ငံ ယူနန်ပြည်နယ် နိုင်ငံတကာပြန်ကြားရေးစင်တာမှ အမှုဆောင် အယ်ဒီတာချုပ်နှင့်အဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့စဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် တရုတ်-မြန်မာ Twin City Media Forum ကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ဆင်ဟွာသို့ စက်တင်ဘာ ၂၈ ရက်တွင်ပြောသည်။

၂၀၂၃ ခုနှစ် တရုတ်-မြန်မာ Twin City Media Forum ကျင်းပရေး ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား တရုတ်နိုင်ငံ ယူနန်ပြည်နယ် နိုင်ငံတကာပြန်ကြားရေးစင်တာမှ အမှုဆောင် အယ်ဒီတာချုပ်နှင့်အဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့စဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ဦးရဲနိုင်က “မန္တလေးမြို့နဲ့ ကူမင်းမြို့က ညီအစ်မမြို့တွေအဖြစ်သတ်မှတ်ထားတာဖြစ်လို့ ပိုပြီးအနှစ်သာရဖြစ်စေဖို့အတွက် Twin City Media Forum ကို မန္တလေးမှာ လာမယ့်နိုဝင်ဘာလ နောက်ဆုံးပတ်မှာ ကျင်းပဖို့ လျာထားပြီး စီစဉ်ဆောင်ရွက်နေပါတယ်” ဟုပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် စက်တင်ဘာ ၂၅ ရက်နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ တရုတ်နိုင်ငံယူနန်ပြည်နယ်၏ တောင်အာရှနှင့် အရှေ့တောင်အာရှ (နိုင်ငံတကာဒေသတွင်း) ပြန်ကြားရေးစင်တာမှ အမှုဆောင်အယ်ဒီတာချုပ် မစ္စတာကျန့်ရော့ကူနှင့် အဖွဲ့အား လက်ခံတွေ့ဆုံပြီး ၂၀၂၃ ခုနှစ် တရုတ်-မြန်မာ Twin City Media Forum ကျင်းပရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဦးရဲနိုင်က “အဲဒီဖိုရမ်ကို တရုတ်နိုင်ငံဘက်က မီဒီယာတွေအပါအဝင်(၃၀)ဦး ဖိတ်ပြီး မြန်မာနိုင်ငံဘက်ကလည်း(၇၀)ဦးကို မီဒီယာတွေ အပါအဝင် ဖိတ်ကြားသွားမှာပါ။ မန္တလေးမြို့မှာ ခန်းမအသစ်ဖြစ်တဲ့ ရတနာပုံခန်းမမှာ ခမ်းနားထည်ဝါစွာနဲ့ စည်ကားသိုက်မြိုက်အောင် ကျင်းပဖို့ လျာထားဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

အဆိုပါ Twin City Media Forum တွင်တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ မိန့်ခွန်းပြောကြားခြင်း၊ နယ်စပ်စီးပွါးရေးနှင့် နှစ်နိုင်ငံစိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်ရေးနှင့် မီဒီယာအခန်းကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲများပြုလုပ်ခြင်း ၊နားလည်မှုစာချွန်လွှာ (MOU) လက်မှတ် ရေးထိုးခြင်း၊ နှစ်နိုင်ငံ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်ခြင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်အရ တရုတ်-မြန်မာ ချစ်မေတ္တာယဉ်ကျေးမှုအထိမ်းအမှတ် ရက်သတ္တပတ်လှုပ်ရှားမှုစတင်ခြင်းများကို လုပ်ဆောင်ရန်လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဖိုရမ်ပြီးတာနဲ့ တရုတ်ဧည့်သည်တွေကို နေပြည်တော်သို့ ဖိတ်ခေါ်ပြီး လေ့လာလည်ပတ်ဖို့အပြင် နေပြည်တော်နဲ့ ရန်ကုန်မှာလည်း ဖိုရမ်တွေဆက်လက်ကျင်းပနိုင်ဖို့ ညှိနှိုင်းထားပါတယ်။ ဖိုရမ်ကို ဘယ်နှရက်ကြာ ကျင်းပမလဲဆိုတာတို့ တည်းခို/ဧည့်ခံတာတွေကိုတော့ နှစ်ဘက် ဆက်လက်ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်” ဟု ဦးရဲနိုင်က ဖြည့်စွက်ပြောကြားသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117