Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ် အင်းတော်ကြီးကန် ဒေသ ဇီဝ အဝန်းနယ်မြေ အဆိုပြု သတ်မှတ်နိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိ ဟုဆို

အင်းတော်ကြီးကန် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်းတွင်း ရေချိုကန်ကြီး ဖြစ်သည့် ကချင်ပြည်နယ် မိုးညှင်းခရိုင် အတွင်းရှိ အင်းတော်ကြီးကန် ဒေသကိုလည်း ဇီဝအဝန်း နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထိန်းသိမ်း ဆောင်ရွက်နိုင်ရေး အတွက် မြန်မာနိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ UNESCO Myanmar Program နှင့် Fauna and Flora International (FFI) တို့မှ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO ) သို့ ထပ်မံ အဆိုပြု တင်ပြနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ကချင်ပြည်နယ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းမြင့်က ဆင်ဟွာကို ယနေ့ ပြောကြားသည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ အင်းတော်ကြီးကန် အပါအဝင် ရေဝေရေလဲ သစ်တော ကြိုးဝိုင်းများအား သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ် တည်ငြိမ် တိုးတက် ကောင်းမွန်ရေး၊ ဇီဝမျိုးစုံ မျိုးကွဲများ ရေရှည်တည်တံ့ ထိန်းသိမ်း ကာကွယ်နိုင်ရေးတို့ အတွက် အင်းတော်ကြီးကန် တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၊ ဧရိယာ ၂၀၁၃၈၉ ဧက (၃၁၄.၆၇ စတုရန်းမိုင်) ကို သဘာဝ နယ်မြေအဖြစ် သတ်မှတ် ဖွဲ့စည်းထားခဲ့ပြီး ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် သြဂုတ်လ ၉ ရက်နေ့တွင် အမိန့် ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ပျူမြို့ဟောင်း ၃ ခုတို့အား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နယ်မြေ စာရင်းဝင်အဖြစ် အတည်ပြု သတ်မှတ်ခဲ့ပြီး ဖြစ်သည်။ မြန်မာနိုင်ငံ၏ သဘာဝ အမွေအနှစ်များ ပြည့်စုံ ကောင်းမွန် လျက်ရှိသည့် နယ်မြေဒေသ ၇ ခု တို့အားလည်း ယူနက်စကို ကမ္ဘာ့သဘာဝ အမွေအနှစ် နယ်မြေ UNESCO Natural World Heritage Sites အဖြစ် သတ်မှတ်နိုင်ရေးအတွက် လျာထားစာရင်း တင်ပြထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် ဇွန်လအတွင်းကလည်း ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ရှိသည့် မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံး အင်းလေးကန်အား မြန်မာနိုင်ငံ၏ ပထမဆုံး ဇီဝ အဝန်းနယ်မြေ အဖြစ် UNESCO က သတ်မှတ်ခဲ့သည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ လည်း မြန်မာနိုင်ငံ အတွင်းရှိ ဧရိယာ၏ ၁၀ ရာခိုင်နှုန်းကို သဘာဝနယ်မြေ အဖြစ် တည်ထောင်မည် ဖြစ်ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံ ဧရိယာ၏ ၅.၅၇ ရာခိုင်နှုန်းခန့် ရှိသည့် ဂေဟစနစ်များကို ကိုယ်စားပြုသည့် သဘာဝ ထိန်းသိမ်းရေး နယ်မြေ ၃၉ ခု တည်ထောင်ပြီး ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံ ဧရိယာ၏ ၁.၉ ရာခိုင်နှုန်း ရှိသည့် နေရာ ၇ ခုကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်မြေအဖြစ် တည်ထောင် ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်လျက် ရှိပြီး ထပ်မံ အတည်ပြု တည်ထောင်မည့် နယ်မြေများပါ ထည့်တွက်လျှင် သဘာဝ နယ်မြေ စုစုပေါင်း ၄၅ ခုအထိ ရှိလာမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117