Connect with us

Media

တရုတ်နိုင်ငံ၏ ၁၃ ကြိမ်မြောက် အာတိတ်သမုဒ္ဒရာ သိပ္ပံလေ့လာရေးအဖွဲ့ ရှန်ဟိုင်းမြို့သို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိ

ရှန်ဟိုင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သယံဇာတ ဝန်ကြီးဌာနမှ ဖွဲ့စည်းထားသည့် တရုတ်နိုင်ငံ ၁၃ ကြိမ်မြောက် အာတိတ်သမုဒ္ဒရာ သိပ္ပံလေ့လာရေးအဖွဲ့သည် မစ်ရှင်များ အောင်မြင်စွာ ပြီးဆုံးခဲ့ရာ ဝင်ရိုးစွန်း သိပ္ပံသုတေသန ရေခဲခွဲသင်္ဘော “နှင်းနဂါး-၂” ဖြင့် ရှန်ဟိုင်းမြို့သို့ စက်တင်ဘာ ၂၇ ရက်တွင် ပြန်လည်ရောက်ရှိခဲ့သည်။ အဆိုပါလေ့လာရေးအဖွဲ့သည် ဇူလိုင် ၁၂ ရက်က ရှန်ဟိုင်းမြို့မှ စတင်ထွက်ခွာခဲ့ပြီး ၇၈ ရက်ကြာခရီးစဉ်တွင် ရေမိုင် စုစုပေါင်း ၁၅,၀၀၀ ကျော်ကို ခရီးနှင်ခဲ့ခြင်း ဖြစ်သည်။ ခရီးစဉ်အတွင်း သတ်မှတ်ထားသည့် မစ်ရှင်များကို အဆင်ပြေချောမွေ့စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကိုယ်ပိုင်စက်ကိရိယာပစ္စည်းများ သုတေသနပြု ထုတ်လုပ်ခြင်း ၊ နည်းပညာသစ် အသုံးပြုခြင်း စသည့် ကဏ္ဍများတွင် အရေးကြီးသည့် တိုးတက်မှုများ ရရှိခဲ့သလို အဓိကကျသည့် သဘာဝပတ်ဝန်းကျင် အစိတ်အပိုင်းများကို ရေရှည် လေ့လာစောင့်ကြည့်မှု ၊ သမုဒ္ဒရာ အလယ်ကြော စူးစမ်းလေ့လာမှု၊ သိပ္ပံသုတေသန၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု စသည့် ကဏ္ဍများတွင် အောင်မြင်မှုရလဒ်များ ရရှိခဲ့သလို အဖိုးတန် အတွေ့အကြုံများ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………..
(Chinese Version)
中国第13次北冰洋科学考察队凯旋抵沪
当日,由自然资源部组织的中国第13次北冰洋科学考察队乘“雪龙2”号极地科考破冰船返回上海,标志着中国第13次北冰洋科学考察任务圆满完成。
考察队7月12日从上海出发,历时78天,总航程1.5万多海里,顺利完成各项预定任务,在自主装备研发、新型技术应用等方面取得重要进展,并在环境关键要素长期观监测、洋中脊调查、科学研究、国际合作等方面取得了一系列成果,积累了宝贵经验。