Connect with us

Asia

အာဖဂန် နစ္စတန်အရှေ့ပိုင်း ထောင်ဖောက်ထွင်းခံရပြီး အကျဉ်းသား ၃၅၀ ကျော် ထွက်ပြေး လွတ်မြောက်

၂၀၁၁ ခုနှစ်တွင် ဖောက်ထွင်းခံရသော အာဖဂန်နစ္စတန် တောင်ပိုင်း ကန်ဒါဟာထောင် အနီးတွင် အာဖဂန်စစ်သားများ ကင်းစောင့်နေခဲ့စဉ် (ဆင်ဟွာ)

ဂါ့ဇ်နီ၊ အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တာလီဘန် စစ်သွေးကြွများသည် အာဖဂန်နစ္စတန် အရှေ့ပိုင်း ဂါ့ဇ်နီဒေသရှိ အကျဉ်းထောင် တစ်ခုအား တနင်္လာနေ့ နံနက် အစောပိုင်းက တိုက်ခိုက်ခဲ့ သဖြင့် အကျဉ်းသား ၃၅၀ ကျော်ထွက်ပြေး လွတ်မြောက်သွားကြောင်း တာဝန်ရှိသူများက ပြောကြား လိုက်ပါသည်။

“စစ်သွေးကြွ တစ်ဦးက ထောင်ရဲ့ အဓိက ဝင်ပေါက်ကို နံနက် ၂း၀၀ နာရီဝန်းကျင်က ကားဗုံးနဲ့ ဖောက်ခွဲခဲ့တယ်၊ စစ်သွေးကြွ ခြောက်ဦးက ရဲဝတ်စုံဝတ် ၊ ရဲအယောင်ဆောင် ထောင်ထဲကို ဝင်လာပြီး အကျဉ်းသားတွေ ထွက်ပြေးနိုင်အောင် ကူညီခဲ့တယ်” ဟု ဒုတိယ နယ်မြေ အုပ်ချုပ်ရေးမှူး မိုဟာမတ် အလီ အာမတ်ဒီက ပြောပါသည်။

ကနဦး စာရင်းတွေ အရ ရာဇဝတ်သားများ အပါအဝင် အကျဉ်းသား ၃၅၂ ဦး ထွက်ပြေးသွားကြောင်း၊ အကျဉ်းသား ၈၀ ကျော်ကိုတော့ လုံခြုံရေး ဝန်ထမ်းများက ပြန်လည် ဖမ်းဆီးနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားထားပါသည်။တိုက်ခိုက်မှုတွင် အဆိုပါ အကျဉ်းထောင်မှ ရဲဝန်ထမ်း ၄ ဦးသေဆုံး ခဲ့သလို ထောင်လုံခြုံရေး ဝန်ထမ်း ၁၀ ဦးနှင့် အကျဉ်းသား ၄ ဦးလည်း ဒဏ်ရရှိခဲ့ပြီး လွတ်မြောက်သူများအား ဖမ်းဆီးမိနိုင်ရေး စစ်ဆင်ရေးကြီး တစ်ခုအား ယခု စတင် လုပ်ဆောင်နေကြောင်း အာမတ်ဒီက ပြောသည်။

ပြည်ထဲရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆတ်ဒစ် ဆတ်ဒစ်ကွီက စုံစမ်း စစ်ဆေးမှု များကို လုပ်ဆောင် လျက်ရှိပြီး အသေးစိတ် အကြောင်းအရာကိုတော့ နောက်မှ လူထုကို ချပြမည့် အကြောင်း သူ၏ တွစ်တာ အကောင့်၌ ရေးထားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိကြောင်း တာလီဘန် စစ်သွေးကြွများက အခိုင်အမာပြောဆိုထားသည်။ထောင်ဖောက်မှု ဖြစ်စဉ်များသည် အာဖဂန်နစ္စတန် တွင် ယခင်က ဖြစ်ပွားခဲ့ဖူးပြီး ၂၀၁၁ ခုနှစ်တွင် တောင်ပိုင်း ကန်ဒါဟာ ဒေသ ထောင်ဖောက်မှုတွင် တာလီဘန်အကျဉ်းသား တစ်ရာကျော် လွတ်မြောက်ခဲ့ပါသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117