Connect with us

Asia

မက္ကာရှိ မဟာဗလီ ကျောင်းကြီးပေါ်သို့ ကရိန်း ပြိုကျမှုကြောင့် သေဆုံးသူ ၁၀၇ ဦး ရှိလာပြီး ၂၃၈ ဦး ဒဏ်ရာ ရရှိခဲ့

မက္ကာရှိ Grand ဗလီ ဝတ်ပြုကျောင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ရီယတ်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ မက္ကာရှိ မဟာ ဗလီကျောင်းကြီးပေါ်သို့ သောကြာနေ့ညက ကရိန်း ပြိုကျမှုကြောင့် သေဆုံးသူ ၁၀၇ ဦးနှင့် ဒဏ်ရာ ရရှိသူပေါင်း ၂၃၈ ဦး အထိ တိုးလာခဲ့ပါသည်။

ဟာ့ချ် ဘုရားဖူး ရာသီအတွက် ကမ္ဘာတစ်ဝှမ်းမှ ဘုရားဖူးများ လာရောက်စဉ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။လက်ရှိအချိန်အထိ မက္ကာသို့ လာရောက်သော တရုတ်လူမျိုးဘုရားဖူး ဧည့်သည် ၁၄,၅၀၀ ခန့်ရှိပြီး အရေအတွက် မည်မျှ ထိခိုက်မှု ရှိကြောင်းကိုတော့ သတင်း မရရှိသေးကြောင်း မက္ကာရှိ တရုတ် ကောင်စစ်ဝန် ရုံးက ပြောပါသည်။

ဆော်ဒီအာရေဗျနိုင်ငံသည် လွန်ခဲ့သော ရက်အနည်းငယ် အတွင်းက အင်အား ပြင်းထန်သော သဲမုန်တိုင်း တိုက်ခတ် ခံခဲ့ရပြီး မဟာဗလီ ကျောင်းကြီး တိုးချဲ့မည့် လုပ်ငန်းခွင်သုံး ကရိန်းကြီးမှာ ရာသီဥတု ဆိုးဝါးမှုကြောင့် ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။

ဆော်ဒီအာရေဗျနိုင်ငံ အာဏာပိုင်များကလည်း ယင်းကိစ္စ ဖြစ်ပွားရခြင်းအား စစ်ဆေးလျက်ရှိပြီး ကယ်ဆယ်ရေးနှင့် ဆေးဝါးကုသမှု ပေးနိုင်ရန်လည်း စေလွှတ်ထားပြီး ဖြစ်ပါသည်။

မက္ကာရှိ ဆေးရုံများ အားလုံးသို့လည်း လူနာများ လက်ခံရန် အတွက် အသင့်အနေ အထားရှိရန် နှိုးဆော်ထားပါသည်။

ဟာ့ချ် ဘုရားဖူးရာသီတွင် ကမ္ဘာအနှံ့မှ နှစ်စဉ် တိုးပွားလာသော ဘုရားဖူး အရေအတွက် ပိုမိုလက်ခံနိုင်ရန် ရည်ရွယ်၍ ဗလီအား တိုးချဲ့ရခြင်း ဖြစ်ပြီး ဗလီကျောင်းကြီး တိုးချဲ့ပြီးသွားလျှင် ဗလီအတွင်းမှာ တစ်နာရီလျှင် ဝတ်ပြုသူပေါင်း သုံးသန်းကျော် အတူတကွ ဝတ်ပြုနိုင်မည်ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117