Connect with us

Asia

ရှင်ဇိုအာဘေး၏ လုံခြုံရေး ဥပဒေ အား အတည်ပြု ဆောင်ရွက်မှုသည် ဂျပန် နိုင်ငံအား အန္တရာယ် ရှိသည့် အခြေအနေ တစ်ရပ်သို့ ရောက်ရှိအောင် လုပ်ဆောင်နေခြင်း ဖြစ်

ဂျပန် နိုင်ငံ အထက် လွှတ်တော်တွင် စက်တင်ဘာလ ၁၉ ရက်နေ့ ၌ လုံခြုံရေး ဥပဒေ မူကြမ်း အား အတည်ပြု လိုက်ကြောင်း ကြေညာခဲ့စဉ် (ဆင်ဟွာ)

တိုကျို ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ရှင်ဇိုအာဘေး အစိုးရ၏ လုံခြုံရေး ဥပဒေ မူကြမ်းအား ဖိအားပေး အတည်ပြု လိုက်ခြင်းသည် ဂျပန် နိုင်ငံ၏ စစ်ပွဲပြီးဆုံးပြီး နောက်ပိုင်းကာလ တစ်လျှောက်လုံး ကျင့်သုံးနေသည့် ကာကွယ်ရေးတပ် မူဝါဒ ကို ရပ်ဆိုင်း ပစ်လိုက်ပြီး ဂျပန် နိုင်ငံအား အန္တရာယ် ရှိသည့် အခြေအနေ တစ်ရပ်သို့ ရောက်ရှိအောင် လုပ်ဆောင်နေသည့် အပြင် အာရှ-ပစိဖိတ် ဒေသ၏ လုံခြုံရေး အပေါ်တွင်လည်း မတည်ငြိမ်မှုများ ဖြစ်ပေါ် စေခဲ့ကြောင်း နိုင်ငံတကာရေးရာ လေ့လာ သုံးသပ်သော ပညာရှင်များမှ သုံးသပ် ခဲ့ကြသည်။

ဂျပန် နိုင်ငံ Liberal Democratic ပါတီ နှင့် Komeito ပါတီ တို့မှ ပူးပေါင်း၍ လွှတ်တော် အတွင်း အမတ် ကိုယ်စားလှယ် ဦးရေ အားသာမှု ဖြင့် စက်တင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းတွင် အထက်လွှတ်တော် ၌ ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် လုံခြုံရေး ဥပဒေ မူကြမ်း အား ဖိအားပေး အတည်ပြု ခဲ့သည်။

ယခု အတည်ပြုလိုက်သည့် လုံခြုံရေး ဥပဒေ အရ ဂျပန် နိုင်ငံသည် ကာကွယ်ရေး တပ်၏ ပမာဏ နှင့် လုပ်ရှား ဆောင်ရွက် နိုင်မှု တို့အား တိုးချဲ့ဆောင်ရွက် နိုင်တော့မည် ဖြစ်သောကြောင့် ဂျပန် နိုင်ငံအား အဓိက စစ်မြေပြင် အတွင်းသို့ ပါဝင်သွားစေ နိုင်ကာ အန္တရာယ် ရှိသည့် အခြေအနေ များနှင့် ရင်ဆိုင်သွား ရဖွယ်ရှိသည်ဟု လည်း သုံးသပ် ခဲ့ကြသည်။ အတည်ပြုလိုက်သည့် လုံခြုံရေး ဥပဒေ အရ ဂျပန် နိုင်ငံမှ အချိန် မရွေး ပင်လယ်ရပ်ခြားသို့ စစ်သည် စေလွှတ်၍ အခြားနိုင်ငံ စစ်တပ်များ ထံသို့ စစ်လက်နက် ထောက်ပံ့ သယ်ပို့ရေး လုပ်ငန်းများ ဆောင်ရွက် နိုင်သည့် အပြင် အခြား နိုင်ငံ စစ်တပ်များထံ သို့လည်း နျူကလီးယား လက်နက်များ ပို့ဆောင်ပေး နိုင်မည် ဖြစ်သည်။ ထို့ပြင် ကာကွယ်ရေး တပ်၏ စစ်အင်အား အသုံးပြု နိုင်သည့် တည်နေရာ သည် ဂျပန် နိုင်ငံ အနီးတဝိုက်မှ တစ်ကမ္ဘာလုံး အတိုင်းအတာ အထိ တိုးချဲ့ လိုက်သည်။

ဂျပန် နိုင်ငံ Nagoya တက္ကသိုလ် ဂုဏ်ထူးဆောင် ပါမောက္ခ Matsui Yoshiro မှ လုံခြုံရေး ဥပဒေ အတည်ပြုလိုက် ပြီး နောက်ပိုင်းတွင် ဂျပန် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ ဆောင်ရွက်နေသော စစ်ရေး ဆောင်ရွက်မှု များတွင် ပိုမို တက်ကြွစွာ ပါဝင်ကာ ဂျပန် နိုင်ငံ၏ စွမ်းရည် များကို ထုတ်ဖော် ပြသတော့မည် ဖြစ်ကြောင်း ၊ ရှင်ဇိုအာဘေး အစိုးရမှ ငြိမ်းချမ်းရေး မူဝါဒ လမ်းစဉ်ကို စွန့်လွှတ် လိုက်ခြင်းသည် ဒေသတွင်းနှင့် အပြည်ပြည် ဆိုင်ရာ ရပ်ဝန်း အပေါ် ကြီးမားသည့် ထိခိုက်မှု ဖြစ်ပွား လာမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.