Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီးအတွင်း ယာဉ်သုံးစီး တိုက်မှုဖြစ်ပွါးပြီး လူ ၃ ဦးသေဆုံး၊ ၁၀ ဦး ဒဏ်ရာရရှိ

မြန်မာနိိုင်ငံ ပဲခူးတိုင်းဒေသကြီးအတွင်း ယာဉ်သုံးစီး တိုက်မှုအား ကယ်ဆယ်ရေး ဆောင်ရွက်စဉ်( ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)

ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ဘိုင်းဒါးကျေးရွာအနီး၊ ရန်ကုန်-မန္တလေးလမ်းမကြီး၊ မိုင်တိုင်အမှတ် (၈၈/၀) နှင့် (၈၈/၁) ကြား၌ ယနေ့ (ဧပြီ ၂၆ ရက်) နေ့လယ် ၁ နာရီ ဝန်းကျင်က ယာဉ်သုံးစီး တိုက်မှုဖြစ်ပွါးပြီး လူ ၃ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“ Light truck က ကြားထဲ ညပ်သွားတဲ့သဘော ဖြစ်တာပေါ့၊ ရှေ့ကားကတိုက် နောက်ကားက ထပ်တိုက်ပေါ့၊ Light truck ကားကတော့ တစ်စီးလုံးရစရာမရှိ ပျက်စီးသွားတယ်၊ အဲဒီကားပေါ်က ကျား ၂ ၊ မ ၁ သေတယ်၊ အဲဒီ ၃ ဦးက အခင်းဖြစ်ရာနေရာတင် သေဆုံးတယ်” ဟု ရဲအရာရှိက ဆင်ဟွာသို့ ပြောသည်။

ဖြစ်စဉ်မှာ Canter (၆) ဘီးယာဉ်နှင့် Light truck ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားပြီး Light truck ယာဉ်နောက်မှ ကပ်ပါလာသော Hino (၂၂)ဘီး ဘိလပ်မြေသယ်ယာဉ်သည် ရှေ့မှ Light truck ယာဉ်အား တိုက်မိကာ ဆက်လက်ပြီး လမ်းဘေးနေအိမ်သို့ ဝင်တိုက်မှုဖြစ်ပွားကြောင်း မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထား​သော သတင်းအရ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် Canter (၆) ဘီးယာဉ်ပေါ်ပါ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး (၁) ဦး သေဆုံးခဲ့ကြောင်း ၊ Canter ယာဉ်ပေါ်ပါ အမျိုးသား (၆) ဦး၊ Light truck ယာဉ်ပေါ်ပါ အမျိုးသား (၂) ဦး နှင့် Hino (၂၂) ဘီး ဘိလပ်မြေသယ်ယာဉ်ပေါ်ပါ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ယင်း ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများအား ရွှေဇာမြေလူမှုကူညီရေးအသင်းနှင့် ရွှေရဲနွယ်လူမှူကူညီရေးအသင်းယာဉ်များဖြင့် ပြွန်တန်ဆာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117