Connect with us

Media

မြန်မာ့ရိုးရာ တံမြက်စည်းထုတ်လုပ်သည့် လုပ်ငန်းများ ဆက်လက်ရပ်တည်နိုင်ရန် ရုန်းကန်နေရ

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)

ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လာမှု၊ သယ်ယူပို့ဆောင်ရေးစရိတ်နှင့် တံမြက်စည်းလုပ်ငန်းတွင် လုပ်သားရှားပါးမှုကဲ့သို့ စိန်ခေါ်မှုများ ရှိပေမဲ့ ရိုးရာ တံမြက်စည်းထုတ်လုပ်သည့် လုပ်ငန်းများ ဆက်လက်ရှင်သန်နိုင်ရန် ကြိုးစားရုန်းကန်နေရကြောင်း ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်က ရိုးရာတံမြက်စည်းလုပ်ငန်းရှင် ဦးတင်ဦးက ဆင်ဟွာသို့ ပြောသည်။

တံမြက်စည်းထုတ်လုပ်သည့်လုပ်ငန်းကို လွန်ခဲ့သည့် ၁၉၉၁ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကာ အဓိက ရည်ရွယ်ချက်မှာ ငွေကြေးအမြတ်အစွန်းသာမက အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးဆောင်ရန်နှင့် ဒေသခံလူထုအတွက် ဝင်ငွေရရှိရန်ဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။ လစဉ် တံမြက်စည်း ၆၀,၀၀၀ ကျော် တင်ပို့နေပြီး နေ့စဉ် တံမြက်စည်း ၂,၀၀၀ ကျော် ထုတ်လုပ်နေကြောင်း သိရသည်။ ပြည်ပသို့ အဓိက တံမြက်စည်းပို့ကုန်ဈေးကွက်မှာ တောင်ကိုရီးယားနိုင်ငံ၊ အိန္ဒိယနိုင်ငံ နှင့် မလေးရှားနိုင်ငံများသို့ အများဆုံးတင်ပို့နေကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117