Connect with us

Media

၂၀၂၄-၂၅ ဘဏ္ဍာနှစ် ပထမလတွင် ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၁၀,၀၀၀ ကျော် တင်ပို့နိုင်

ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ)

၂၀၂၄-၂၅ ဘဏ္ဍာနှစ်အစ ဧပြီလတွင် ဆန်နှင့် ဆန်ကွဲ ၁၁၁,၈၆၂ တန် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ မကြာသေးမီက ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ ဧပြီလအတွင်း တင်ပို့မှုအနေဖြင့် ဆန်တန်ချိန် ၄၂,၀၀၀ ကျော် နှင့် ဆန်ကွဲ တန်ချိန် ၆၉,၀၀၀ ကျော် တင်ပို့ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တင်ပို့မှုပမာဏမှာ ယခင်နှစ် အလားတူကာလက ဆန် တန်ချိန် ၈၇,၀၀၀ ကျော်ထက် ပိုမိုများပြားခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ စာရင်းဇယားများအရ သိရသည်။ မြန်မာနိုင်ငံ အနေဖြင့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တရုတ်၊ ပိုလန်၊ မလေးရှား၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် ဗီယက်နမ်တို့ အပါအဝင် နိုင်ငံနှင့် ဒေသပေါင်း ၂၀ ကျော်သို့ ဆန်နှင့် ဆန်ကွဲ တင်ပို့ခဲ့သည်။ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသည် ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၆ သန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၄၅ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117