Connect with us

Media

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ World Robot Contest (WRC 2024) Myanmar Tournament ပြိုင်ပွဲ ကျင်းပ

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အမျိုးသား ဇာတ်ရုံ၌ World Robot Contest (WRC 2024) Myanmar Tournament ပြိုင်ပွဲကို ဇွန် ၁ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ WRC ဟုဆိုသည့် World Robot Contest ပြိုင်ပွဲသည် တရုတ်နိုင်ငံက ကြီးမှူးကျင်းပကာ မြန်မာ၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ကင်ညာ၊ မက္ကဆီကို ၊ ဟောင်ကောင် နှင့် ရုရှား စသည်တို့တွင် နှစ်စဉ်ကျင်းပကြသော ပြိုင်ပွဲဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် WRC 2023, Thailand Championship ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ Titan EDU ၏ မြန်မာအသင်းက Champion ဆုကို ရရှိခဲ့ပြီး ယခုကျင်းပသည့် World Robot Contest (WRC 2024) Myanmar Tournament ပြိုင်ပွဲတွင် Titan ကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသား/သူများအပြင် စစ်ကိုင်း ၊ ကျောက်ဆည်၊ ကျောက်ပန်းတောင်း နှင့် ဘားအံတို့ရှိ Titan ၏ Partner ကျောင်းများမှ ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.