Connect with us

Europe

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Dagestan ၌ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက် ၂၀ ဦးထိ မြင့်တက်လာ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Dagestan ရှိ Derbent မြို့တွင် ပျက်စီးသွားခဲ့သောအဆောက်အအုံကို ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Dagestan တွင် ဇွန် ၂၃ ရက်က ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက် ၂၀ ဦးထိ မြင့်တက်လာပြီကြောင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ Dagestan ကျန်းမာရေးဝန်ကြီး Tatyana Belyaeva ၏ ပြောကြားမှုကို ကိုးကား၍ TASS သတင်းဌာနက ထုတ်ပြန်ခဲ့သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ Dagestan ၏ မြို့တော် Makhachkala နှင့် Derbent မြို့တို့တွင် ဇွန် ၂၃ ရက်က ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူ ၂၀ သေဆုံးပြီး ၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူနှင့် ဒဏ်ရာရသူတို့တွင် သာမန်အရပ်သားများနှင့် တရားဥပဒေစိုးမိုးရေးဌာနမှ ဝန်ထမ်းများလည်း ပါဝင်ပြီး ဒဏ်ရာရရှိသူ ၇ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သတင်းများအရ သိရသည်။ (Xinhua)

…………………………………………..
(Chinese Version)
俄达吉斯坦共和国恐袭致死人数升至20人
新华社莫斯科6月24日电(记者华迪)塔斯社24日援引俄罗斯达吉斯坦共和国卫生部部长塔季扬娜·别利亚耶娃的话报道说,23日发生在该共和国的恐袭遇难人数已升至20人。
消息说,23日发生在达吉斯坦共和国首府马哈奇卡拉市以及杰尔宾特市的恐怖袭击已导致20人死亡,46人受伤。死伤者中既有普通市民,也有执法机构工作人员,现有7名伤者伤势严重。
Photo taken on June 24, 2024 shows a damaged building in the city of Derbent, Russia’s Republic of Dagestan.