Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ကုလသမဂ္ဂ ညီလာခံ အစည်းအဝေးတွင် မိန့်ခွန်းပြောမည့် အစီအစဉ်အား ဆင်ဟွာမြန်မာ ဝက်ဘ်ဆိုဒ်တွင် အချိန်နှင့် တပြေးညီ တိုက်ရိုက်ထုတ်လွှင့် ပြသမည်

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံသို့ ရောက်ရှိနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် စက်တင်ဘာလ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ည ၈:၃၀ နာရီတွင် ကျင်းပမည့် ကုလသမဂ္ဂ ညီလာခံ အစည်းအဝေး မိန့်ခွန်း ပြောကြားမည် ဖြစ်သည်။

ယင်းသို့ မိန့်ခွန်းပြောကြားမည့် အစီအစဉ်အား ဆင်ဟွာမြန်မာ ဝက်ဘ်ဆိုက်တွင် အချိန်နှင့် တပြေးညီ တိုက်ရိုက်ထုတ်လွှင့် ပြသမည် ဖြစ်ပြီး ဆင်ဟွာမြန်မာ ဝက်ဘ်ဆိုက် Link “ http://www.xinhuamyanmar.com/videos/1373-2015-09-28-10-00-22 ”တွင် ကြည့်ရှုနိုင်မည် ဖြစ်သည်။

ကုလ သမဂ္ဂ ရုံးချုပ်တွင် ပြုလုပ်သော အစည်းအဝေးများတွင် သမ္မတရှီသည် တရုတ်နိုင်ငံ အနေဖြင့် ကမ္ဘာ့ တောင်ပိုင်းနိုင်ငံများ ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး (South-South Cooperation) အား ထောက်ပံ့နိုင်ရန် ကနဦး ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၂ ဘီလီယံ ထည့်ဝင်ရေး၊ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများ (Least Developed Countries= LDCs) တွင် ၂၀၃၀ ခုနှစ် အထိ အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံ အထိ တိုးမြှင့် ရင်းနှီးမြှုပ်နှံသွား မည့်အကြောင်း၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၊ ကုန်တွင်းပိတ်နိုင်ငံများနှင့် ဖွံ့ဖြိုးစ ကျွန်းနိုင်ငံငယ် အစိုးရများမှ တရုတ်နိုင်ငံသို့ ယခုနှစ်ကုန်တွင် ပေးဆပ်ရန်ရှိသော အတိုးမဲ့ ချေးငွေများကိုလည်း လျှော်ပစ်မည့်အကြောင်း၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် အဓိက ကနဦးအစီအမံများကိုလည်း ထုတ်ပြန်ထားသလို ဖွံ့ဖြိုးမှုအတွက် ပရောဂျက် ၁၀၀ ပါဝင်သော စီမံကိန်း ၆ ခု (Six 100s)ကိုလည်း သမ္မတရှီက ကြေညာထားပါသည်။

သမ္မတရှီသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ စက်တင်ဘာလ ၂၆ ရက်မှ ၂၈ ရက်အထိ ရောက်ရှိနေပြီး ကုလသမဂ္ဂ ထူထောင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနား နှင့် ဆက်စပ်သော အစည်းအဝေးများ တက်ရောက်နေပါသည်။ သမ္မတရှီသည် စက်တင်ဘာလ ၂၂ ရက်မှ ၂၅ ရက်နေ့အထိ အမေရိကန် သမ္မတ ဘားရတ် အိုဘားမား၏ ဖိတ်ကြားချက်ဖြင့် အမေရိကန်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် လည်ပတ်ခဲ့ပါသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117