Connect with us

Asia

တရုတ်-တောင်အာရှကုန်စည်ပြပွဲက ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့တွင် ၈ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲသို့ လာရောက်လေ့လာသူများကို ၂၀၂၄ ခုနှစ် ဇူလိုင် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့တွင် ၈ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲကို ဇူလိုင် ၂၃ ရက်၌ ဖွင့်လှစ်ခဲ့ပြီး ပြပွဲပြသသူ ၂,၀၀၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြပွဲတွင် ဝင်ရောက်ပြသသူထက်ဝက်နီးပါးသည် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသမှ ကုမ္ပဏီများဖြစ်သည်။
အချိန် ၆ ရက်ကြာကျင်းပမည့် ကုန်စည်ပြပွဲတွင် ဗိသုကာနည်းပညာ၊ ကုန်ထုတ်လုပ်မှု၊ အစိမ်းရောင်စွမ်းအင်နှင့် ခေတ်မီစိုက်ပျိုးရေး စသည်တို့အပါအဝင် အဓိကအချက်များဖြင့် ပြခန်း ၁၅ ခုဖြင့် ကျင်းပနေခြင်းဖြစ်သည်။
ထို့ပြင် ပထမဆုံးအကြိမ်အဖြစ် ကော်ဖီလုပ်ငန်းကလည်း ပြခန်းတစ်ခုဝင်ရောက်ပြသခဲ့ပြီး တရုတ်နိုင်ငံ၏ ပထမတန်းစားကော်ဖီထုတ်လုပ်သည့် ယူနန်ပြည်နယ်၏ အနေအထားကို ဖော်ပြလိုက်ခြင်းလည်းဖြစ်သည်။ အဆိုပါ ပြခန်းတွင် ကုမ္ပဏီ ၁၆၀ ကျော်က ၎င်းတို့၏ထုတ်ကုန်များကို ပြသခဲ့ကြသည်။
တရုတ်နိုင်ငံက ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် စတင်ဖော်ဆောင်သည့်နှစ်ဖြစ်သော ၂၀၁၃ ခုနှစ်တွင်ပင် ထိုကုန်စည်ပြပွဲကို ကူမင်းမြို့၌ ပထမဆုံး ကျင်းပခဲ့ခြင်းဖြစ်သည်။ ကုန်စည်ပြပွဲစတင်ကျင်းပချိန်မှစ၍ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ၁၈,၀၀၀ ကျော် ပါဝင်ခဲ့ကာ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော် မြှင့်တင်နိုင်ခဲ့ပြီး စီမံကိန်း ၃,၀၀၀ ကျော် လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ် အစိုးရတို့က ပူးပေါင်းကျင်းပသော အဆိုပါ ကုန်စည်ပြပွဲသည် တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဖလှယ်မှုများအတွက် အရေးကြီးဆုံးပြပွဲတစ်ခုလည်းဖြစ်သည်။ (Xinhua)


………………………………
(English Version)
China-South Asia Expo boosts regional cooperation
KUNMING, July 24 (Xinhua) — The 8th China-South Asia Expo opened on Tuesday in Kunming, the capital of southwest China’s Yunnan Province, attracting over 2,000 exhibitors.
Nearly half of the exhibitors are companies from South and Southeast Asia.
The six-day event features 15 exhibition halls with themes including architecture technology, manufacturing, green energy and modern agriculture.
Notably, for the first time, a pavilion dedicated to the coffee industry has been established, highlighting Yunnan’s status as China’s premier coffee producer. Over 160 companies are showcasing their products in this pavilion.
The expo was first held in Kunming in 2013, the same year China put forward the Belt and Road Initiative. Since its inception, the expo has served more than 18,000 domestic and foreign companies, promoted trade of more than 100 billion U.S. dollars, and facilitated the signing of over 3,000 projects.
Jointly organized by the Ministry of Commerce and the Yunnan provincial government, the expo is one of the year’s most important events for economic and trade exchanges between China and South Asian countries.
Photo: This panoramic photo shows people visiting the 8th China-South Asia Expo in Kunming, southwest China’s Yunnan Province, July 23, 2024. (Xinhua/Hu Chao)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.