Connect with us

North America

၂၀၁၇ ခုနှစ်အတွင်း လူကြိုက်အများဆုံး ဗီဒီယိုများအား YouTube ထုတ်ဖော်


နယူးယောက်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံမှ Video-sharing ဝက်ဘ်ဆိုက်ဖြစ်သော YouTube က ကြည့်ရှုနှုန်း (View) ၊ မျှဝေနှုန်း (Share) ၊ မှတ်ချက်ပေးနှုန်း (Comment) ၊ ကြိုက်နှစ်သက်မှုနှုန်း (Like) နှင့် အခြား တိုင်းတာမှုများအပေါ် အခြေခံ၍ ၂၀၁၇ ခုနှစ်အတွင်း အကျော်ကြားဆုံး ဗီဒီယိုများအား ဒီဇင်ဘာလ ၆ ရက်က ထုတ်ဖော်ခဲ့သည်။

ယခုနှစ်အတွက် လူကြိုက်အများဆုံး ဗီဒီယိုမှာ ကမာကောင်ဝတ်စုံ ဝတ်ဆင်ကာ သီချင်းဆိုနေသော အမျိုးသား တစ်ဦး၏ ဗီဒီယိုဖြစ်သည်။ အဆိုပါ ဗီဒီယိုတွင် ဖျော်ဖြေခဲ့သူမှာ ထိုင်းနိုင်ငံ၏ “The Mask Singer” ပြိုင်ပွဲဝင် တစ်ဦးဖြစ်ပြီး “Until We Will Become Dust” သီချင်းအား သီဆိုခဲ့သည်။အဆိုပါ ဗီဒီယိုအား YouTube တွင် ကြည့်ရှုသူ ၁၈၂ သန်းကျော် ရှိခဲ့သည်။

ခုနှစ်အတွင်း လူကြိုက်အများဆုံး ဗီဒီယိုများစာရင်းဝင်ခဲ့သော လေဒီဂါဂါနှင့် အသက် ၁၂ နှစ်အရွယ် အသံတုပညာရှင် မိန်းကလေးအား တွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်၏ ပြောဆိုဟန်အား လှောင်ပြောင်သရုပ်ဆောင်ပြခဲ့သူ Bad Lip Reading ၏ သရုပ်ဆောင်မှုက ထိပ်တန်း ဗီဒီယို တစ်ခုဖြစ်လာခဲ့သည်။ ယင်း ဗီဒီယိုအား ဇန်နဝါရီလ ၂၅ ရက်တွင် ထုတ်လွှင့်ခဲ့ပြီး ကြည့်ရှုသူ ၃၅ သန်း ရှိခဲ့ပြီး နှစ်သက်ကြောင်း ဖော်ပြခဲ့သူ (Like) ၅၁၁,၀၀၀ နှင့် မှတ်ချက်ပြုခဲ့သူ (Comment) ၂၆,၆၇၆ ရှိခဲ့သည်။

အလားတူ နောက်ထပ် ထိပ်တန်း စာရင်းဝင်ခဲ့သည်များမှာ Super Bowl LI မှ အမေရိကန် အဆိုတော် လေဒီဂါဂါ၏ ဖျော်ဖြေပွဲ၊ American’s Got Talent တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော အသက် ၁၂ နှစ်အရွယ် အသံမျိုးစုံတုပ သီဆိုခဲ့သူနှင့် ဘီဘီစီ ရုပ်သံ တွေ့ဆုံမေးမြန်းခန်းတွင် ဝင်ရောက် နှောင့်ယှက်ခဲ့သူ ချစ်စရာ ကလေးငယ် နှစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)