Connect with us

Local

စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်ရမည့် လုပ်ငန်း ၁၇ ရပ်ကို ကုန်သည်စက်မှုအသင်းချုပ် ညီလာခံ ၂၀၁၇ တွင် ဆုံးဖြတ် အတည်ပြု

ကုန်သည်စက်မှုအသင်းချုပ် ညီလာခံ ၂၀၁၇ ကျင်းပနေမှုအား တွေ့ ရစဉ်(ဓာတ်ပုံ-UMFCCI)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ)

နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက် ရမည့် လုပ်ငန်း (၁၇) ရပ် ကို မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)နှင့် အသင်းချုပ်၏ ညီနောင် အသင်းများမှ ကိုယ်စားလှယ်များက ဒီဇင်ဘာလ ၉ ရက်တွင် ကျင်းပသည့် ကုန်သည်စက်မှုအသင်းချုပ် ညီလာခံ ၂၀၁၇ တွင် သဘောတူ ဆုံးဖြတ် ချမှတ် ခဲ့ကြောင်း UMFCCI မှ သတင်း ထုတ်ပြန်ခဲ့သည်။

ထိုဆုံးဖြတ်ချက်များမှာ ကုန်သည်စက်မှုအသင်းချုပ်သည် ညီနောင် အသင်းများ နှင့် အတူ လက်တွဲ၍ မြန်မာ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော် အစိုးရ နှင့် နီးကပ်စွာ လက်တွဲ ဆောင်ရွက်ရန် ၊ စီးပွားရေး လုပ်ငန်း အားလုံး အကျိုးရှိမည့် ဖွံ့ဖြိုး တိုးတက်မှု ရှိစေရန် ညီနောင် အသင်းများ ၊ အသင်းဝင်များ အားလုံး နှင့် ပိုမို နီးကပ်စွာ ဆောင်ရွက်ရန် ၊ ဒေသတွင်း အပြည်ပြည် ဆိုင်ရာ ကုန်သည် အသင်းများ ၊ ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းများ နှင့် ပိုမို ခိုင်မာပြီး ရလဒ်ကို ရှေ့ရှုသော ချိတ်ဆက်မှုများကို ဆောင်ရွက်ရန် စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

ကုန်သည်စက်မှုအသင်းချုပ် ညီလာခံ ၂၀၁၇ တွင် စုပေါင်း မှတ်တမ်းတင် ရိုက်ကူးစဉ်(ဓာတ်ပုံ-UMFCCI)

ထိုလုပ်ငန်း ၁၇ ရပ်ကို အဓိက အားဖြင့် ပုဂ္ဂလိက ကဏ္ဍ အသင်းအဖွဲ့ များ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ စီးပွားရေး လုပ်ငန်းများ အားကောင်းခိုင်မာရေးနှင့် ဆက်သွယ်ပေါင်းစည်းမှုများ ဖွံ့ဖြိုး တိုးတက်ရေး ဟူ၍ ကဏ္ဍသုံးရပ် ခွဲခြား နိုင်ကြောင်းနှင့် ၎င်းတို့ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အသင်းချုပ်အနေဖြင့် ညီနောင် အသင်းများဖြင့် လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားခဲ့သည်။

ကုန်သည်စက်မှုအသင်းချုပ် ညီလာခံ ၂၀၁၇ တွင် မြန်မာ့စီးပွားရေးကဏ္ဍ၏ လက်ရှိ အခြေအနေ၊ ဖွံ့ဖြိုးမှု နှောင့်နှေး နေရခြင်း၏ အကြောင်းအရင်းများနှင့် ဖွံ့ဖြိုးမှုအရှိန်အဟုန်မြှင့်တင်နိုင်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကိုယ်စားလှယ်များနှင့် အသင်းချုပ်၏ အကြံပေးပုဂ္ဂိုလ်များဖြစ်ကြသော ဒေါက်တာဦးမြင့်၊ ဒေါက်တာအောင်ထွန်းသက်နှင့် ဒေါက်တာဇော်ဦးတို့က ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ညီလာခံတွင် ဒေါက်တာဦးမြင့်က စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်တည်ဆောက်ရန်အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လုပ်ဆောင်ပေးဖို့ စဉ်းစားပေးပါရန် အကြံပြုချက် (၄) ချက်တင်ပြခဲ့ကြောင်း သိရသည်။ထိုအကြံပြုချက်များအပြင် ညီလာခံ၏ ဆုံးဖြတ်ချက်များနှင့် နိုင်ငံတော်အစိုးရ ဆောင်ရွက်ပေးရန်အတွက် ညီလာခံ၏ ဆွေးနွေးအကြံပြုချက်များကို ကုန်သည်စက်မှုအသင်းချုပ်က အမြန်ဆုံးစုစည်းပြီး နိုင်ငံတော်အစိုးရအကြီးအကဲများထံသို့ ပေးပို့တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။ကုန်သည်စက်မှုအသင်းချုပ် ညီလာခံ ကို ၁၉၉၂ ခုနှစ်တွင် တစ်ကြိမ် ကျင်းပခဲ့ပြီး ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရည်ရွယ်၍ ယခုအကြိမ်သည် ဒုတိယအကြိမ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117