Connect with us

Local

၂၀၁၇ ခုနှစ် ၊ နှစ်လယ် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲသို့ပြည်တွင်း/ပြည်ပ ရတနာ ကုန်သည် ၃၉၉၉ ဦး တက်ရောက်ရန် မှတ်ပုံတင်ထား


နေပြည်တော် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ)

၂၀၁၇ ခုနှစ် ၊ နှစ်လယ် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲအား နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ယနေ့ဒီဇင်ဘာ ၁၂ ရက်တွင် စတင် ကျင်းပရာ ပြည်တွင်း/ပြည်ပ ရတနာ ကုန်သည် ၃၉၉၉ ဦး တက်ရောက်ရန် မှတ်ပုံတင်ထားကြောင်း မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ ဗဟိုကော်မတီမှ သိရသည်။

ပြပွဲသို့ပြည်ပနိုင်ငံများ ဖြစ်သည့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ရတနာ ကုန်သည် ၂၇၅၇ ဦး ၊ ထိုင်းနိုင်ငံမှ ရတနာ ကုန်သည် ၁၉ ဦး ၊ မကာအိုနိုင်ငံမှ ရတနာ ကုန်သည် ၃ ဦး ၊ ကနေဒါ နိုင်ငံမှ ရတနာ ကုန်သည် ၁ ဦး နှင့် ပြည်တွင်းမှ နိုင်ငံသား ရတနာ ကုန်သည် ၁၂၁၉ ဦး စုစုပေါင်း ၃၉၉၉ ဦး တက်ရောက်ရန် မှတ်ပုံတင် စာရင်းပေးသွင်းထားကြောင်း သိရသည်။

၂၀၁၇ ခုနှစ် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲသို့ ဒုတိယ သမ္မတ ဦးဟန်နရီဗန်ထီးယူ အပါအဝင် တာဝန်ရှိသူများ တက်ရောက် ကြည့်ရူနေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၇ ခုနှစ် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲသို့ ဒုတိယ သမ္မတ ဦးဟန်နရီဗန်ထီးယူ အပါအဝင် တာဝန်ရှိသူများ တက်ရောက် ကြည့်ရူနေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၇ ခုနှစ် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲသို့ ဒုတိယ သမ္မတ ဦးဟန်နရီဗန်ထီးယူ အပါအဝင် တာဝန်ရှိသူများ တက်ရောက် ကြည့်ရူနေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၇ ခုနှစ် နှစ်လယ် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ကျင်းပနေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၇ ခုနှစ် နှစ်လယ် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ကျင်းပနေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ယခု ကျင်းပသည့် ပြပွဲသို့ပြည်တွင်း/ပြည်ပ ရတနာ ကုန်သည် တက်ရောက်မှုမှာ ယခင် ကျင်းပ ပြီးစီးခဲ့သည့် ၅၄ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲထက် နည်းပါးသော်လည်း ယခင် ကျင်းပခဲ့သည့် နှစ်လယ် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲထက် မနည်းကြောင်း ၊ ယခု ကျင်းပသည့် ပြပွဲတွင် ယူရို ၃၀၀ သန်းဝန်းကျင်ခန့်ရောင်းချရရန် မျှော်မှန်းထားကြောင်း မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ ဗဟိုကော်မတီမှ သိရသည်။

၂၀၁၇ ခုနှစ် ၊ နှစ်လယ် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲတွင် ကျောက်မျက် အတွဲပေါင်း ၁၉၀ တွဲကို အခြေခံဈေး ယူရို ၄ ဒသမ ၀၉၈ သန်းဖြင့် လည်းကောင်း နှင့် ကျောက်စိမ်း အတွဲပေါင်း ၆၆၈၅ တွဲကို အခြေခံဈေး ယူရို ၁၆၃ ဒသမ ၅၈၀ သန်းဖြင့် လည်းကောင်း စုစုပေါင်း ကျောက်မျက် ၊ ကျောက်စိမ်း အတွဲ ၆၈၇၅ တွဲအား ပြသရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် အခြေခံဈေး ယူရိုငွေ ၅၀၀ နှင့် အထက် တန်ဖိုး သတ်မှတ်သည့် ကျောက်မျက် အတွဲများကို ဒီဇင်ဘာ ၁၅ ရက်တွင် အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ အခြေခံဈေး ယူရိုငွေ ၄၀၀၀ နှင့် အထက် တန်ဖိုး သတ်မှတ်သည့် ကျောက်စိမ်းအတွဲများ ၊ အခြေခံဈေး ယူရိုငွေ ၁၀၀၀ နှင့် အထက် တန်ဖိုး သတ်မှတ်သည့် အချောထည် ကျောက်စိမ်းတွဲများကို ဒီဇင်ဘာ ၁၆ ရက်မှ ဒီဇင်ဘာ ၂၁ ရက် အထိ အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ၊ နှစ်လယ် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲအား ဒီဇင်ဘာ ၁၂ ရက်မှ ၂၁ ရက်ထိ ၁၀ ရက်ကြာ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး ယနေ့ကျင်းပ ပြုလုပ်ခဲ့သည့် ပြပွဲသို့ဒုတိယ သမ္မတ ဦးဟန်နရီ ဗန်ထီးယူ ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ၊ သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြည့်ရူအားပေးခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.