Connect with us

Africa & Middle East

အစ္စရေးစစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် အရပ်သား အများအပြား သေဆုံးဒဏ်ရာရမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက လွန်စွာစိုးရိမ်ကြောင်း ပြောကြား

ပေကျင်း၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် အစ္စရေး၏ သက်ဆိုင်ရာ စစ်ရေးလှုပ်ရှားမှုများကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် အရပ်သားအများအပြား သေဆုံးဒဏ်ရာရမှုနှင့် ပတ်သက်၍ လွန်စွာစိုးရိမ်ကြောင်း၊ အစ္စရေးအနေဖြင့် ချက်ချင်း အပစ်အခတ်ရပ်စဲပြီး စစ်ပွဲ ရပ်တန့်ရန် အပြင်းအထန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က သြဂုတ် ၁၂ ရက် သတင်းထောက်များ၏ မေးခွန်းကို ဖြေကြားရာမှာ ထည့်သွင်းပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်က ဂါဇာမြို့ရှိ စာသင်ကျောင်းတစ်ကျောင်းကို ဩဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် ဗုံးကြဲခဲ့ရာ လူပေါင်း ၁၀၀ ကျော် သေဆုံးပြီး အခြားလူ ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ၏ မီဒီယာရုံးက အဆိုပါနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ အရပ်သားတွေကို ထိခိုက်စေတဲ့ အပြုအမူမှန်သမျှကို ရှုတ်ချပြီး အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေချိုးဖောက်သော လုပ်ရပ်မှန်သမျှကို ကန့်ကွက်ပါတယ်။ အစ္စရေးအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တောင်းဆိုမှုတွေကို ဂရုတစိုက်နားထောင်ဖို့၊ အပစ်အခတ် ချက်ချင်းရပ်စဲပြီး စစ်ပွဲကို ရပ်တန့်ဖို့၊ အတတ်နိုင်ဆုံး အရပ်သားတွေကို ကာကွယ်ပြီး ဒေသတွင်း တင်းမာမှုတွေ တိုးမြင့်လာမှုကို ရှောင်ကြဉ်ဖို့ အလေးအနက် တိုက်တွန်းပါတယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးများကို လျော့ပါးသက်သာစေရန်နှင့် အဆုံးသတ်ရန် ပိုမို ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

………………………………………………
(Chinese Version)
外交部:对以色列军事行动造成加沙地带大量平民伤亡表示严重关切
新华社北京8月12日电 外交部发言人林剑12日答记者问时表示,中方对以色列相关军事行动造成加沙地带大量平民伤亡表示严重关切,强烈呼吁以色列立即停火止战。
巴勒斯坦伊斯兰抵抗运动(哈马斯)媒体办公室10日发表声明说,以色列军队当天早上轰炸了加沙城一所学校,造成逾100人死亡,另有数十人受伤。
林剑说:“我们谴责任何伤害平民的行为,反对任何违反国际人道法的做法,强烈呼吁以色列认真倾听国际社会呼声,立即停火止战,全力保护平民,避免地区紧张局势进一步升级。”
他说,国际社会应当共同为缓解、结束加沙人道主义灾难作出更多努力。(完)