Connect with us

North America

ကယ်လီဖိုးနီးယား ပစ်ခတ်မှုတွင် အနည်းဆုံး လူ ၂ ဦး သေဆုံး

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အနောက်ပိုင်းရှိ Long Beach မြို့တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်နေရာတွင် ရဲတပ်ဖွဲ့က လုံခြုံရေးတာဝန်ယူထားစဉ် (ဓာတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အနောက်ပိုင်းရှိ Long Beach မြို့တွင် ဒီဇင်ဘာလ ၂၉ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူများမှာ သေနတ်ပစ်ခံရသူတစ်ဦးနှင့် သံသယရှိ ပစ်ခတ်သူတစ်ဦးတို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

သေနတ်ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းအား ဒေသစံတော်ချိန် နေ့လယ် ၂း၂၅ နာရီခန့်တွင် Long Beach ဥပဒေရုံးမှ ရရှိခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့က ချက်ချင်းသွားရောက်ခဲ့သည်ဟု ဆိုသည်။

အခင်းဖြစ်ပွားရာနေရာတွင် သေနတ်သမား ခြိမ်းခြောက်မှု မရှိတော့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားခဲ့သည်။

တွစ်တာပေါ်သို့ တင်ခဲ့သည့် ဗီဒီယို၌ ယင်းနေရာတွင် ရဲတပ်ဖွဲ့များ တာဝန်ယူထားကြောင်းနှင့် လုံခြုံရေးစည်းများတားထားကြောင်း သိရသည်။

သေနတ်ပစ်ခတ်မှုဖြစ်ပွားရသည့် အကြောင်းရင်းအား စုံစမ်းဆဲဖြစ်ကြောင်း Long Beach ရဲဋ္ဌာနက ဆိုသည်။

Long Beach သည် ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း Greater Los Angeles နယ်မြေအတွင်းရှိ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117