Connect with us

China

တရုတ်နိုင်ငံက ဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ရေးကို အရှိန်မြှင့်ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းသစ်များ ထွက်ပေါ်လာ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ တရုတ်အမျိုးသားကွန်ဗင်းရှင်းစင်တာရှိ ၂၀၂၄ ခုနှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်းကုန်စည်ပြပွဲအတွင်း ပြပွဲပြသသူများကို စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ကမ္ဘာ့အခင်းအကျင်းတွင် တောက်ပသောနေရာတစ်ခုအတွက် ဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ရေးကို အရှိန်မြှင့်ဆောင်ရွက်ကာ တံခါးဖွင့်ဝါဒ ကြိုးပမ်းဆောင်ရွက်မှုများနှင့် တီထွင်ဆန်းသစ်မှုရှိသော ဖွံ့ဖြိုးတိုးတက်မှု၌ ကမ္ဘာတစ်ဝန်း အခွင့်အလမ်းသစ်များကို ဖန်တီးပေးလျက်ရှိပေသည်။
စက်တင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပလျက်ရှိသော ၂၀၂၄ ခုနှစ် တရုတ် နိုင်ငံတကာဝန်ဆောင်မှုလုပ်ငန်းကုန်စည်ပြပွဲ (CIFTIS) အစီအစဉ်များစွာ၌ နိုင်ငံရပ်ခြားမှပြခန်းပြသသူများ၊ ထုတ်ကုန်အသစ်မိတ်ဆက်မှုများ၊ အတွေးအမြင်ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုအသစ်ရှာဖွေမှုများက တရုတ်နိုင်ငံဈေးကွက်အပေါ် ကောင်းမွန်သော သဘောထားအမြင်များ ဖော်ပြလျက်ရှိသည်။
“Nestle ကတော့ တရုတ်ဈေးကွက်ကို အမြဲယုံကြည်ထားတယ်” ဟု Nestle Zone Greater China ၏ စီအီးအို ဒေးဗစ်ကျန်းက ပြောသည်။ ကမ္ဘာ့စားသောက်ကုန်လုပ်ငန်းကြီးဖြစ်သော Nestle အနေဖြင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်၊ ကူးလူးဖလှယ်မှုများ တိုးချဲ့နိုင်ရန်၊ တရုတ်စားသုံးသူများ၏ တောင်းဆိုချက်နှင့် ပိုမိုကိုက်ညီမှုရှိစေရန် ဝန်ဆောင်မှုလုပ်ငန်းကုန်စည်ပြပွဲကို အသုံးချနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။
“ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများဖြင့် ကြွယ်ဝမှုကို မျှဝေမည်” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသော ယခုနှစ်၏ CIFTIS ပြပွဲသည် နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၈၅ ခု၊ Fortune Global 500 စာရင်းဝင် ကုမ္ပဏီနှင့် ဦးဆောင်စီးပွားရေးလုပ်ငန်း ၄၅၀ ခုကျော်ကို ဆွဲဆောင်ထားနိုင်ခဲ့သည်။

ဝန်ဆောင်မှုလုပ်ငန်းကုန်သွယ်ရေး အကျိုးအမြတ်များ မျှဝေ

ကာဂျစ်စတန်နိုင်ငံ၏ ပြခန်းဧရိယာတွင် လာရောက်လေ့လာသူများအနေဖြင့် တောင်ကြားများရှိ ကွယ်ဝှက်ထားသည့် လှပသောရေကန်များတစ်ခွင် တောင်တက်ကြည့်ရှုနိုင်ခြင်း၊ ရှေးဟောင်းပိုးလမ်းမတစ်လျှောက် ယဉ်ကျေးမှုအမွေအနှစ်များကို လေ့လာနိုင်ခြင်း၊ ကြယ်ရောင်စုံကောင်းကင်ယံအောက်တွင် တဲလေးဖြင့် ညချမ်းချိန်ခါကိုဖြတ်သန်းနိုင်ခြင်း စသဖြင့် ကာဂျစ်စတန်နိုင်ငံ၌ အားလပ်ရက်အတွင်း လုပ်ဆောင်နိုင်မည့်အရာများကို ဖော်ပြထားကြောင်း Askunay Tour ၏ အထွေထွေမန်နေဂျာ Kaparova Kunduz က ပြောခဲ့သည်။
“ကျွန်မတို့ ကုမ္ပဏီက လတိုင်း တရုတ်ခရီးသွားဧည့်သည် ၅၀ ကျော် လက်ခံနိုင်ပြီး ၂၀၂၃ ခုနှစ်ကထက် နှစ်ဆကျော်ရှိလာပါတယ်။ နောက်နှစ်မှာလည်း ဒီထက်နှစ်ဆဖြစ်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။ တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများက နယ်စပ်ဖြတ်ကျော် ခရီးသွားခြင်းနှင့် စီးပွားရေးလုပ်ငန်း အခွင့်အလမ်းများကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း Kaparova Kunduz က ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံရဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကုန်သွယ်ရေးက လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့ကာ နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို သိသာထင်ရှားစွာ မြှင့်တင်ပေးနိုင်ခဲ့သည်။ ယခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံ၏ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ပို့ကုန်တန်ဖိုးမှာ ယမန်နှစ် ကာလတူထက် ၁၃၁.၉ ရာခိုင်နှုန်း ရှိလာခဲ့ပြီး သွင်းကုန်အနေဖြင့်မူ ၄၁.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
ပေကျင်း မြို့တော်ဝန် Yin Yong က မြို့တော်ပေကျင်းအနေဖြင့် ခရီးသွားလုပ်ငန်း အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုအရည်အသွေးကို ဆက်လက်မြှင့်တင်သွားမည်ဟု CIFTIS ဖိုရမ်တွင် ပြောကြားခဲ့သည်။ ပေကျင်းမြို့သည် ဇူလိုင်လက နိုင်ငံတကာခရီးသွားများအနေဖြင့် သယ်ယူပို့ဆောင်ရေး၊ ခရီးသွားနေရာများနှင့် ဈေးဝယ်စင်တာများတွင် ငွေပေးချေမှု အဆင်ပြေချောမွေ့စေရန် Beijing Pass ကို မိတ်ဆက်ခဲ့သည်။
ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ရေးသည် ဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ရေးတိုးတက်မှု မြှင့်တင်ခြင်း၏ စံနမူနာတစ်ရပ်ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း နှစ်စဉ် ဝန်ဆောင်မှုလုပ်ငန်းကုန်သွယ်ရေး တိုးတက်မှုမှာ အမေရိကန်ဒေါ်လာအနေဖြင့် ၆.၂ ရာခိုင်နှုန်းရှိခဲ့ရာ ကမ္ဘာ့ ပျမ်းမျှတိုးတက်မှုနှုန်းထက် ပိုမိုမြင့်မားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ Wang Dongtang က ပြောခဲ့သည်။
ယခုနှစ်၏ မူဝါဒများအောင်မြင်မှုမှာ “ရင်းနှီးသောမိတ်ဆွေများ” အကြား ပိုမိုဆွဲဆောင်မှုဖြစ်ခဲ့သည်။ တရုတ်နိုင်ငံက တံခါးဖွင့်ဝါဒ မြှင့်တင်ရန် နယ်စပ်ဖြတ်ကျော် ဝန်ဆောင်မှုလုပ်ငန်းကုန်သွယ်ရေး၌ နိုင်ငံအဆင့်နှင့် ရှေ့ပြေးလွတ်လပ်သောကုန်သွယ်မှုဇုန်ဗားရှင်းများ ကန့်သတ်စာရင်းကို မတ်လ၌ ဖော်ပြခဲ့သည်။
ယခုနှစ် CIFTIS မတိုင်မီ နယ်ပယ် ၅ ခုရှိ အရေးကြီးသောလုပ်ငန်း ၂၀ စာရင်း ပါဝင်သည့် လမ်းညွှန်မှုများစွာကိုလည်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ လမ်းညွှန်မှုများသည် ဝန်ဆောင်မှုလုပ်ငန်းကုန်သွယ်ရေး ပမာဏတိုးချဲ့ရန်၊ တည်ဆောက်မှု ကောင်းမွန်ရန်၊ ထိရောက်မှု မြင့်မားရန်နှင့် အားကောင်းမှု တိုးမြှင့်ရန် မျှော်မှန်းထားကြောင်း သိရသည်။
တရုတ်နိုင်ငံက တရုတ်စီးပွားရေး အရည်အသွေးမြင့်တိုးတက်မှု၏ အရေးပါသော အစိတ်အပိုင်းဖြစ်သည့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင် ပိုမိုတံခါးဖွင့်လှစ်လျက်ရှိကြောင်း KPMG China ဥက္ကဋ္ဌ Jacky Zou က ပြောခဲ့သည်။
KPMG အနေဖြင့် ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ၏ အကျိုးကျေးဇူးကို ယူဆောင်လျက် ၎င်းတို့၏ ကိုယ်ပိုင်ဝန်ဆောင်မှုလုပ်ငန်း၊ နိုင်ငံတကာကွန်ရက်များကို တရုတ်နိုင်ငံအတွင်း တိုးချဲ့မည့် ပြည်ပကုမ္ပဏီများကို ပိုမိုကောင်းမွန်စွာ အထောက်အကူပြုနိုင်ရန်နှင့် တရုတ်ကုမ္ပဏီများ ကမ္ဘာ့ဈေးကွက်သို့ ချဲ့ထွင်ရာ၌လည်း ကူညီပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း Zou က ပြောကြားခဲ့သည်။

အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံးနေရာများ

နိုင်ငံများစွာက ကာဗွန်ထုတ်လွှတ်မှုနည်းစက်မှုလုပ်ငန်းများမှ ဒစ်ဂျစ်တယ်နည်းပညာအထိ ပါဝင်သော CIFTIS တွင် စိတ်ဝင်စားမှုအများအပြားရရှိထားသည့် တရုတ်နိုင်ငံ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု နယ်ပယ်အသစ်ကို ရှာဖွေလျက်ရှိကြသည်။
ဆော်ဒီအာရေဗျနိုင်ငံ၏ အကြီးဆုံးစီးပွားရေးလုပ်ငန်းများအနက် တစ်ခုဖြစ်သော Ajlan & Bros Holding Group သည် တရုတ်နိုင်ငံရှိ စီးပွားရေးအခွင့်အလမ်းများကို စိတ်ဝင်စားနေသလို CIFTIS ပြပွဲသို့ သုံးနှစ်ဆက်တိုက် တက်ရောက်သည့် ကုမ္ပဏီလည်းဖြစ်ကာ တရုတ်မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အောင်မြင်မှုများကိုလည်း ထည့်သွင်းဖော်ပြထားသည်။
ယင်းကုမ္ပဏီ၏ ဒုတိယ ဥက္ကဋ္ဌ Mohammed Al Ajlan က တရုတ်နိုင်ငံအနေဖြင့် အခြေခံအဆောက်အအုံ၊ စွမ်းအင်၊ အစိမ်းရောင်တိုးတက်မှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေး စသည်တို့အပါအဝင် နယ်ပယ်စုံ၌ ဖွံ့ဖြိုးတိုးတက်မှု အကျိုးအမြတ်များကို မျှဝေလျက်ရှိသည်ဟု ပြောခဲ့သည်။
ထို့ပြင် CIFTIS ပြပွဲတွင် စွမ်းအင်ချွေတာရေး ခေတ်မီရေစုပ်စက် ထုတ်ကုန်များ၊ နည်းပညာများနှင့် solution များကို ပါဝင်ပြသထားသည့် Wilo Group ၏ တရုတ်အစိုးရရုံးဆက်ဆံရေး ညွှန်ကြားရေးမှူး Grant Rong ကလည်း “မိမိတို့အနေနဲ့ တရုတ်အစိုးရဲ့အစိမ်းရောင်အသွင်ကူးပြောင်းမှုကဏ္ဍမှာ သိသာထင်ရှားတဲ့၊ ကြိုးပမ်းအားထုတ်မှုတွေမှာ ကျယ်ပြန့်တဲ့ အခွင့်အလမ်းတွေကို မြင်ခဲ့ရပြီးပါပြီ” ဟု ပြောသည်။
“Wilo အနေနဲ့ တရုတ်နိုင်ငံရဲ့ ကာဗွန်လျှော့ချရေး ရည်မှန်းချက်ပန်းတိုင်နဲ့အညီ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားပါတယ်” ဟု Rong က ဆိုသည်။ ၎င်းတို့ကုမ္ပဏီက ပေကျင်းမြို့နှင့် Changzhou မြို့များတွင် ထုတ်လုပ်ရေးစက်ရုံနှစ်ခု တည်ထောင်ထားပြီး ကာဗွန်ကင်းစင်‌ထုတ်လုပ်မှုကိုလည်း သဘောပေါက်လက်ခံကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
နယ်သာလန်နိုင်ငံအခြေစိုက် ထိပ်တန်းကျန်းမားရေးနည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Royal Philips က CIFTIS ပြပွဲတွင် AI နည်းပညာသုံး ကျန်းမာရေးကိရိယာများနှင့် တစ်ကိုယ်ရေစောင့်ရှောက်မှု အသုံးအဆောင်ပစ္စည်းများကို ထည့်သွင်းပြသခဲ့သည်။
“ကျွန်မတို့အနေနဲ့ CIFTIS ပြပွဲကို အထူးအလေးထားပါတယ်။ ဒါကစိတ်ကူးအကြံဉာဏ်ဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကောင်းမွန်တဲ့ ပလက်ဖောင်းတစ်ခုပါပဲ” ဟု Philips Greater China ၏ ဥက္ကဋ္ဌ Liu Ling က ဆိုသည်။
ဒစ်ဂျစ်တယ်နှင့် အစိမ်းရောင်အသွင်ကူးပြောင်းမှုဖြင့် အရည်အသွေးရှိသော ကုန်ထုတ်လုပ်မှုအင်အားသစ်များ ဖော်ထုတ်မှုဆိုင်ရာ တရုတ်နိုင်ငံ၏ လိုက်ပါဆောင်ရွက်မှုက ကမ္ဘာ့စီးပွားရေးကို ကြီးမားသော တွန်းအားသစ် ဖြည့်တင်းပေးကြောင်း EY Greater China Markets စီမံခန့်ခွဲမှုမိတ်ဖက် Michael Bi က ၎င်း၏အမြင်ကို ပြောကြားခဲ့သည်။ EY အနေဖြင့် CIFTIS ပြပွဲကို အသုံးပြုကာ အခွင့်အလမ်းများကို တက်ကြွစွာဖမ်းဆုပ်လျက် နှစ်ဦးနှစ်ဘက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု စာချုပ်ကို ခိုင်မာစေမည်ဟု မျှော်လင့်ကြောင်း Michael Bi က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

……………………………………..
(English Version)
Xinhua Headlines: China revs up services trade, unleashing new opportunities for global economic cooperation
BEIJING, Sept. 15 (Xinhua) — China is gearing up to make its services trade a bright spot in the global arena, creating new opportunities worldwide in its opening-up endeavors and innovation-driven development.
During the hustle and bustle of the 2024 China International Fair for Trade in Services (CIFTIS), which runs from Sept. 12 to 16, foreign exhibitors, introducing new products, exchanging ideas, and seeking new cooperation, expressed their optimism in the Chinese market.
“Nestle always has confidence in the Chinese market,” said David Zhang, CEO of Nestle Zone Greater China. He stated that the global food giant hopes to use the services trade fair to strengthen cooperation and exchanges further and better meet the demands of Chinese consumers.
Themed “Global Services, Shared Prosperity,” this year’s CIFTIS has attracted 85 countries and international organizations and over 450 Fortune Global 500 and leading enterprises.
SHARED DIVIDENDS OF SERVICES TRADE
At the Kyrgyzstan exhibition area, Kaparova Kunduz, general manager of Askunay Tour, is describing to the visitors how they can have a good holiday in the country: hiking around beautiful lakes hidden in valleys, visiting cultural heritages along the ancient Silk Road and spending the night in a tent under the starry sky.
“Our company can receive over 50 Chinese visitors each month, more than double that in 2023, and I hope the figure can double again next year,” she said, adding that she has felt China’s efforts to propel cross-border travel and business opportunities brought by it.
China’s travel services trade has rebounded rapidly, significantly promoting international economic and trade cooperation. In the first half of the year, China’s travel service export value soared 131.9 percent year on year, while import value rose 41.5 percent year on year.
At a forum of the CIFTIS, Beijing Mayor Yin Yong said the city will continue to enhance its tourism infrastructure and service quality. In July, the Chinese capital introduced the Beijing Pass, a multi-purpose card for international visitors that facilitates payment for transportation, tourist sites and shopping centers.
Travel services trade is the epitome of the country’s robust trade development in services. During the past decade, the average annual growth rate of services trade stood at 6.2 percent in U.S. dollar terms, higher than the global average growth rate, said Wang Dongtang, an official with the Ministry of Commerce.
A succession of policies this year makes China more attractive among the “circle of friends.” In March, the country unveiled national and pilot free-trade zone versions of negative lists for cross-border trade in services to boost opening up.
Before this year’s CIFTIS, a set of guidelines, which listed 20 significant tasks in five aspects, was issued. The guidelines were expected to expand the scale, optimize the structure, improve efficiency, and enhance the strength of trade in services.
China’s door is opening wider in services sector, which is an important part of the high-quality development of the Chinese economy, said Jacky Zou, chairman-elect of KPMG China.
Zou said KPMG hopes to take advantage of the services trade fair, its own professional services, and its international networks to better help foreign companies expand in the Chinese market and assist Chinese enterprises in going global.
SWEET SPOTS IN HIGH-QUALITY DEVELOPMENT
Multinationals are looking to tap new growth areas in China’s high-quality development, which also gained significant traction at the CIFTIS, from low-carbon industries to digital technologies.
Eyeing business opportunities in China, Ajlan & Bros Holding Group, one of Saudi Arabia’s largest enterprises, is attending the fair for a third straight year, showcasing its cooperation achievements with Chinese partners.
Mohammed Al Ajlan, deputy chairman of the company, said China is sharing development dividends in various areas, including infrastructure, energy, green development and digital economy.
“We have seen vast opportunities in the Chinese government’s tangible endeavors in the green transition,” said Grant Rong, China government relation director of Wilo Group, which exhibits energy-saving smart high-efficiency pump products, technologies, and solutions at the fair.
“Wilo highlights sustainable development, which is also in accordance with China’s dual carbon goal,” said Rong, noting that the company’s two production bases in Beijing and Changzhou realized carbon-neutral production.
Royal Philips, a leading health technology company based in the Netherlands, brought AI-supported medical facilities and personal care appliances to the fair.
“We attach great importance to the CIFTIS, as it’s an excellent platform for idea exchanging and cooperation,” said Liu Ling, president of Philips Greater China.
Featuring digital and green transition, China’s pursuit of developing new quality productive forces injects great impetus to the global economy, said Michael Bi, managing partner of EY Greater China Markets, adding that EY hopes to make use of the CIFTIS to actively embrace opportunities brought by it and tighten the win-win cooperation bond.
Photo 1: Exhibitors talk during the 2024 China International Fair for Trade in Services (CIFTIS) at the China National Convention Center in Beijing, capital of China, Sept. 12, 2024. (Xinhua/Chen Zhonghao)