Connect with us

International Organizations

လက်ဘနွန်-အစ္စရေး အခြေအနေ အရှိန်အဟုန် တစ်ဆင့်တိုး မြင့်တက်လာနိုင်မှုအပေါ် အထူးစိုးရိမ်ကြောင်း တရုတ်နိုင်ငံ ပြောကြား

နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်တွင် လက်ဘနွန်-အစ္စရေး အခြေအနေ အရေးပေါ် စိစစ်သုံးသပ်မှု အစည်းအဝေးအား ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)
လက်ဘနွန်-အစ္စရေး အခြေအနေ အရှိန်အဟုန် တစ်ဆင့်တိုး မြင့်တက်လာနိုင်မှုအပေါ် အထူးစိုးရိမ်ကြောင်း၊ ဘက်ပေါင်းစုံက တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းရှိကြရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက စက်တင်ဘာ ၂၀ ရက် လုံခြုံရေးကောင်စီ၏ လက်ဘနွန်-အစ္စရေး အခြေအနေ အရေးပေါ် သုံးသပ်ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

လက်ဘနွန်တွင် ပေဂျာစက်၊ စကားပြောစက် စသည့် ဆက်သွယ်ရေးစက်ကိရိယာများ အဝေးမှ ထိန်းချုပ်ခံရပြီး တစ်ပြိုင်နက်တည်းပေါက်ကွဲခဲ့ရာ လူပေါင်းထောင်ချီ သေဆုံးဒဏ်ရာရမှု ဖြစ်ပွားခဲ့သည့်အပေါ် တရုတ်နိုင်ငံ အနေဖြင့် အထူး ထိတ်လန့်အံအားသင့်ကြောင်းနှင့် စိုးရိမ်ပူပန်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ ဆက်သွယ်ရေးကိရိယာများကို အဝေးကထိန်းချုပ်ခြင်းမှတစ်ဆင့် ခွဲခြားမှုမရှိ တိုက်ခိုက်ခြင်းဖြင့် အရပ်သားပြည်သူ အများအပြားကို သေဆုံးဒဏ်ရာရစေခြင်း၊ လူမှုအသိုက်အဝန်းကို အထိတ်တလန့်ဖြစ်စေခြင်းသည် သမိုင်းတွင် တခါမျှပင် မကြားခဲ့ဖူးကြောင်း၊ ဤလုပ်ရပ်သည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ဆိုးရွားစွာ ထိပါးခြင်း၊ နိုင်ငံတကာဥပဒေ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း၊ အသက်ရှင်သန်မှုကို လျစ်လျူရှုခြင်းနှင့် နင်းခြေခြင်း ဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိကြောင်း၊ တိုက်ခိုက်သည့် ဖြစ်ရပ်၏ ရက်စက်ကြမ်းကြုတ်မှု၊ ဆိုးရွားမှုများမှာ ကြောက်မက်ဖွယ်ရာဖြစ်ရာ အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချရမည် ဖြစ်ကြောင်း၊ အချင်းဖြစ်ရပ်ကို ဘက်စုံ အချိန်မီ စုံစမ်းစစ်ဆေးပြီး စီစဉ်သူနှင့် ဆောင်ရွက်သူများကို တာဝန်ခံစေရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိ အရှေ့အလယ်ပိုင်းဒေသအခြေအနေမှာ အလွန်တရာ အန္တရာယ်များကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသတွင် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နေရာ ပါလက်စတိုင်းပြည်သူလူထု လေးသောင်းကျော်၏ အသက်ကို ဆုံးရှုံးစေခဲ့ပြီဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင်ပင် အစ္စရေးက လက်ဘနွန်-အစ္စရေး နယ်စပ်ဒေသ တင်းမာမှုအရှိန်ကို အဆက်မပြတ် မြှင့်တင်နေဆဲဖြစ်ကြောင်း၊ အစ္စရေးအနေဖြင့် လက်နက်သုံးမည့် အယူသန်မှုမျိုးကို စွန့်လွှတ်ရန်၊ ဂါဇာကမ်းမြောင်ဒေသ စစ်ရေးလှုပ်ရှားမှုကို ချက်ချင်း ရပ်တန့်ရန်၊ လက်ဘနွန်နိုင်ငံ၏အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ထိပါးသည့် လုပ်ရပ်ကို ချက်ချင်းရပ်တန့်ရန်၊ ဒေသတွင်းတွင် ကပ်ဘေးအသွင်သစ် အန္တရာယ်ဖြစ်စေမည့် လုပ်ဆောင်မှုမျိုးကို ချက်ချင်းရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း၊ အစ္စရေးအပေါ် ဩဇာသက်ရောက်မှုရှိသည့် နိုင်ငံများအနေဖြင့် လက်တွေ့လှုပ်ရှားမှုများ လုပ်ဆောင်ပြီး အစ္စရေး၏ မှားယွင်းသောလမ်းကြောင်းတွင် ဝေးသည်ထက်ဝေးအောင် လျှောက်လှမ်းနေမှုကို တားဆီးရန် ပြင်းပြင်းထန်ထန်တိုက်တွန်းကြောင်း၊ လက်ဘနွန်-အစ္စရေး အခြေအနေ ပြေလျော့ရေး၊ အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးကောင်စီ၏ လိုအပ်သည့် လုပ်ဆောင်မှုအားလုံးကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)


……………………..
(Chinese Version)
中方对黎以局势可能进一步升级深表担忧
新华社联合国9月20日电(记者潘云召)中国常驻联合国代表傅聪20日在安理会紧急审议黎以局势时表示,中方对黎以局势可能进一步升级深表担忧,呼吁所有各方保持最大限度的克制。
傅聪说,中方对黎巴嫩境内数千台寻呼机、对讲机等通讯设备被远程操纵同时发生爆炸,造成数千民众伤亡深感震惊、深表关切。通过远程操纵通讯工具,发动无差别袭击,造成大规模平民伤亡,制造社会恐慌,这样的事情在历史上闻所未闻。这种行为无疑是对一国主权和安全的严重侵犯,是对国际法特别是国际人道法的公然违反,是对生命的漠视和践踏。袭击事件手段之残忍、性质之恶劣令人发指,必须予以最强烈的谴责。中方呼吁对事件进行全面及时的调查,追究策划者和实施者的责任。
傅聪说,当前中东地区局势岌岌可危。以色列在加沙地带的军事行动仍在持续,已夺去4万多巴勒斯坦民众的生命。以色列同时还在不断加剧黎以边境地区的紧张局势。中方特别呼吁以色列放下使用武力的执念,立即停止在加沙地带的军事行动,立即停止侵犯黎巴嫩主权和安全的行为,立即停止可能将地区拖入新的浩劫的冒险行径。中方强烈敦促对以色列有影响力的国家拿出实际行动,制止以色列在错误的道路上越走越远。中方支持安理会采取一切必要行动,为缓和黎以局势、维护中东地区和平稳定做出最大努力。(完)
1. 9月20日,在位于纽约的联合国总部,安理会紧急审议黎以局势。新华社记者 谢锷 摄
2. 9月20日,中国常驻联合国代表傅聪(中)在位于纽约的联合国总部发言。新华社记者 谢锷 摄