Connect with us

Europe

နိုင်ငံတကာအာကာသစခန်း (ISS) ၌ အချိန်အကြာဆုံးနေထိုင်မှုအတွက် ရုရှားအာကာသယာဉ်မှူးများ စံချိန်သစ်တင်

နိုင်ငံတကာအာကာသစခန်း၏ ဓာတ်ပုံအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံမှ အာကာသယာဉ်မှူးများဖြစ်သည့် အိုလက်ဂ် ကိုနိုနန်ကိုနှင့် နစ်ကိုလိုင်ချက်ဘ်တို့က နိုင်ငံတကာအာကာသစခန်း (ISS) ၌ မစ်ရှင်တစ်ခုအတွင်း အချိန်အကြာဆုံးနေထိုင်မှုအတွက် စံချိန်သစ်တင်နိုင်ခဲ့သည်ဟု ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း (Roscosmos) က စက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကိုနိုနန်ကိုနှင့် ချက်ဘ်တို့က ISS အစီအစဉ်တစ်ရပ်၏ မူဘောင်အတွင်း အာကာသတွင်း၌ အချိန်အကြာဆုံး တောက်လျှောက်နေထိုင်ခဲ့သည့် ရုရှားအာကာသယာဉ်မှူးများဖြစ်သော ဆာဂေးပရိုကော့ယက်ဗ်၊ ဒီမီထရီ ပက်တယ်လင်နှင့် နာဆာအာကာသယာဉ်မှူး ဖရန်ဆစ်စကို ရူဘီယိုတို့ တင်ထားခဲ့သည့် ယခင်စံချိန်အား ချိုးဖျက်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလက အဆိုပါ အာကာသယာဉ်မှူးသုံးဦးသည် နိုင်ငံတကာအာကာသစခန်း၌ ရက်ပေါင်း ၃၇၀၊ ၂၁ နာရီ၊ ၂၂ မိနစ်နှင့် ၁၆ စက္ကန့်ကြာ နေထိုင်ခဲ့ကာ စံချိန်တင်ခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၅ ရက်က နိုင်ငံတကာအာကာသစခန်းသို့ ထွက်ခွာသွားခဲ့သည့် ကိုနိုနန်ကိုနှင့် ချက်ဘ်တို့အနေဖြင့် အာကာသထဲတွင် ရက်ပေါင်း ၃၇၄ ရက်ကြာ စံချိန်တင်နေထိုင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၃ ရက်၌ Soyuz MS-25 အာကာသယာဉ်ဖြင့် ကမ္ဘာမြေဆီသို့ ပြန်လည်ရောက်ရှိလာမည်ဟု မျှော်လင့်ရသည်။ (Xinhua)
…………………..
(English Version)
Russian cosmonauts break record for longest stay on ISS
MOSCOW, Sept. 20 (Xinhua) — Russian cosmonauts Oleg Kononenko and Nikolai Chub have set a new record for the longest single mission aboard the International Space Station (ISS), Russia’s state space corporation Roscosmos said in a statement on Friday.
Kononenko and Chub broke the previous record for the longest continuous stay in space within the framework of an ISS program, which was set by cosmonauts Sergei Prokopyev, Dmitry Petelin, and NASA astronaut Francisco Rubio. The three set the previous record in September 2023, by spending 370 days, 21 hours, 22 minutes and 16 seconds aboard the ISS.
Kononenko and Chub, who departed for the ISS on Sept. 15, 2023, are expected to return to Earth on the Soyuz MS-25 spacecraft on Sept. 23, 2024, after spending a record 374 days in space. Enditem
English Caption
File photo of the International Space Station (Xinhua)