Connect with us

North America

ယခုနှစ် အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးက “ဤရာစုနှစ်အတွင်း အင်အား အညီမျှဆုံး” ဖြစ်သည်ဟုအမေရိကန်မီဒီယာများက ဆို

အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့ရှိ သမ္မတလောင်းစကားစစ်ထိုးပွဲ မီဒီယာစင်တာမှ ရိုက်ကူးသော တိုက်ရိုက်ထုတ်လွှင့်သည့်ဗီဒီယိုတွင် ရုပ်မြင်သံကြား စကားစစ်ထိုးပွဲ၌ ပါဝင်သည့် အမေရိကန် ဒီမိုကရက်တစ်သမ္မတလောင်း၊ ဒုတိယသမ္မတဟားရစ် (ယာ) နှင့် ရီပက်ဘလစ်ကန်သမ္မတလောင်း၊ သမ္မတဟောင်း ထရမ့်တို့အား စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)  

ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ယခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုသည် “ဤရာစုနှစ်အတွင်း အင်အား အညီမျှဆုံး” ပြိုင်ပွဲဖြစ်ကာ “မည်သည့်မျက်နှာစာရှိ သေးငယ်သည့်အပြောင်းအလဲလေးကမဆိုရလဒ်ကို မိုးနှင့်မြေ ကွာခြားစေနိုင်သည်” ဟု အမေရိကန် ကေဘယ် သတင်းကွန်ယက် CNN ၏ စက်တင်ဘာ ၂၂ ရက် သုံးသပ်ချက် ဆောင်းပါးတစ်ခုတွင် ဖော်ပြခဲ့သည်။

ဤဆောင်းပါးက ထိုကဲ့သို့ အကဲဖြတ်ဖော်ပြရခြင်း၏ အဓိကအကြောင်းရင်းမှာ ယခုလ ၁၀ ရက်က အမေရိကန်နိုင်ငံတွင် ဒီမိုကရက်တစ်နှင့် ရီပက်ဘလစ်ကန် သမ္မတလောင်းများ၏ တိုက်ရိုက်ထုတ်လွှင့်သည့် ရုပ်မြင်သံကြား စကားစစ်ထိုးပွဲများကျင်းပရာတွင် နိုင်ငံလုံးဆိုင်ရာ ပြည်သူ့သဘောထားစစ်တမ်းများတွင် ဒုတိယသမ္မတ ကာမလာဟားရစ်သည်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ထက် အနည်းငယ် အသာစီးရထားပုံရသော်လည်း ထိုအားသာချက်အတိုင်းအတာမှာ လက်ခံနိုင်သော အမှားအယွင်းအတိုင်းအတာတွင်သာ ရှိခြင်းကြောင့် ဖြစ်သည်။ အကယ်၍ အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲသည် Electoral College (သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့) စနစ်ကို လုပ်ဆောင်မည်ဟုယူဆပါက ၎င်းတို့ နှစ်ဦး၏ အနိုင်၊ အရှုံးကို ဆုံးဖြတ်ရန် ပိုမိုခက်ခဲလိမ့်မည်ဖြစ်သည်။
စက်တင်ဘာ ၁၀ ရက် စကားစစ်ထိုးပွဲတွင် ဟားရစ်သည်”အုပ်စိုးသူအဆင့် စွမ်းဆောင်ရည်” ဖြင့် ထရမ့်ကို အနိုင်ရခဲ့သည်ဟု အများက ယူဆခဲ့ကြသော်လည်း ယင်းမှာ ဟားရစ်၏ထောက်ခံမှုနှုန်းကို ရာခိုင်နှုန်းအနည်းငယ်သာ တိုးလာစေခဲ့ပုံရသည်။

ဟားရစ်သည် ထရမ့်ထက် ယခုအချိန်အထိ အကြီးမားဆုံးအားသာချက်မှာလည်း ရာခိုင်နှုန်းပွိုင့် ၄ ခု၊ ၅ ခုသာရှိကြောင်းပြသနေသော နောက်ဆုံးရစစ်တမ်းနှစ်ခု၏ ရလဒ်များကို အမေရိကန် စီဘီအက်စ် နှင့် အင်န်ဘီစီ ရုပ်သံကုမ္ပဏီ အသီးသီးတို့က စက်တင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ၂၀၁၆ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ၂ ခု၌ ဤအဆင့်သို့ရောက်ရှိချိန်တွင် ဒီမိုကရက်တစ်သမ္မတလောင်းသည် အထက်ဖော်ပြသော စစ်တမ်းနှစ်ခု၌ အားသာချက်များဖြင့် ဦးဆောင်နေမှုက ဟားရစ်ထက် အနည်းဆုံးနှစ်ဆများကြောင်း သိရသည်။

စကားစစ်ထိုးပွဲအပြီးတွင် အမေရိကန် အေဘီစီ ရုပ်သံကုမ္ပဏီ၊ ဖောက်စ်သတင်းဌာနနှင့် နယူးယောက်တိုင်းမ်စ်သတင်းစာ စသည့် မီဒီယာတို့မှ ပါဝင်ပြုလုပ်သော နိုင်ငံလုံးဆိုင်ရာ ပြည်သူ့သဘောထားစစ်တမ်းများက အလားတူရလဒ်များကို ဖော်ပြခဲ့သည်။ လက်ရှိတွင် ဟားရစ်၏ အမေရိကန်နိုင်ငံတစ်ဝန်းရှိ ထောက်ခံမှုနှုန်းမှာ ပျမ်းမျှ ရာခိုင်နှုန်းပွိုင့် သုံးခုဖြင့်ဦးဆောင်နေကြောင်း၊ ရာခိုင်နှုန်းပွိုင့် သုံးခု ဆိုသည်မှာ ဟားရစ်၏ အောင်ပွဲအတွက် “သေချာရန် ဝေးလွန်းနေသေး” သည်ကိုဖော်ပြနေကြောင်း အမေရိကန် CNN ၏ နောက်ဆုံး “ပြည်သူ့သဘောထားစစ်တမ်းကောက်ယူချက်” အရ သိရသည်။

ယခုနှစ် အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး စတင်ချိန်မှစ၍ ပါတီနှစ်ခု၏ ကိုယ်စားလှယ်လောင်းများသည် အင်အားချင်း ညီမျှနေပြီး မဲဆန္ဒရှင် အများစုမှာ “ထိန်းချုပ်ထားခံရ” ပုံရသည်။ ဇူလိုင်လတွင် ရွေးကောက်ပွဲမှနုတ်ထွက်ခဲ့သည့် လက်ရှိ သမ္မတ ဂျိုးဇက်ဘိုင်ဒန် အပါအဝင်နိုင်ငံလုံးဆိုင်ရာ စစ်တမ်းများတွင် မည်သည့် ကိုယ်စားလှယ်လောင်းကမျှ ပြိုင်ဘက်ကို ရာခိုင်နှုန်းပွိုင့် ၅ ခု အထက်ဦးဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ဤအခြေအနေသည် “အလွန်ရှားပါးပြီး သတိထားသင့်ကြောင်း”၊ ၁၉၆၀ ပြည့်လွန်နှစ်များအထိ ပြန်ကြည့်မှသာလျှင်အလားတူ ရွေးကောက်ပွဲပုံစံကို တွေ့ရှိနိုင်ခြေရှိကြောင်း၊ လွန်ခဲ့သည့် နှစ် ၆၀ အတွင်း မဲဆွယ်စည်းရုံးရေးကာလအတွင်းအသာစီး ရာခိုင်နှုန်းပွိုင့် ၅ ခု ရရှိပြီး အနည်းဆုံး သုံးပတ်ကြာ ထိန်းထားနိုင်သော သမ္မတလောင်း အမြဲရှိခဲ့ကြောင်း ဆောင်းပါးဖော်ပြချက်အရ သိရသည်။

ပြည်သူ့စစ်တမ်းများထက် ပိုအရေးကြီးသည့်အချက်မှာ အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲ၏ နောက်ဆုံးရလဒ်သည် မည်သူက အနည်းဆုံး ရွေးကောက်ပွဲမဲ ၂၇၀ ရရှိနိုင်သည်အပေါ် မူတည်နေခြင်းဖြစ်သည်။ ဟားရစ်သည် သမ္မတရွေးကောက်ပွဲ၏ အထွေထွေရွေးကောက်ပွဲတွင် အနည်းဆုံး ရာခိုင်နှုန်းပွိုင့် ၃ ခုအနိုင်ရရှိရန် လိုအပ်ကြောင်း၊ သို့မှသာ ရွေးကောက်ပွဲမဲကဏ္ဍတွင် သိသာသော အားသာချက် ရရှိနိုင်မည်ဖြစ်ကြောင်း၊ သို့သော် ၎င်းမှာ ထိုအဆင့်သို့ မရောက်ရှိသေးကြောင်း “538” ပြည်သူ့ဆန္ဒကောက်ခံမှု ဝက်ဘ်ဆိုက်ကို တည်ထောင်ခဲ့သော အမေရိကန် ရွေးကောက်ပွဲ လေ့လာဆန်းစစ်သူ Nate Silver ကခန့်မှန်းတွက်ချက်ခဲ့သည်။

လက်ရှိတွင် ဟားရစ်သည် ရွေးကောက်ပွဲမဲ ၂၂၅ မဲ ရရှိရန်သေချာနေပြီး ထရမ့်မှာမူ ၂၁၉ မဲ ရရှိရန်သေချာကြောင်း CNN ၏ လက်ရှိထောက်ခံမှုနှုန်း ခန့်မှန်းတွက်ချက်မှုအရ သိရသည်။ ယခုနှစ်တွင် မီချီဂန်၊ ပင်ဆယ်ဗေးနီးယား၊ ဝစ္စကွန်းဆင်း၊ အရီဇိုးနား၊ ဂျော်ဂျီယာ၊ နီဗားဒါးနှင့် မြောက်ကယ်ရိုလိုင်းနား စသည့် “အဓိကအရေးကြီးပြည်နယ်”နှင့် နီဘရားစကားပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဒုတိယဒေသများ၏ရွေးကောက်ပွဲမဲများမှာ မဆုံးဖြတ်ရသေးကြောင်း သိရသည်။

ယခုလ ၂၀ ရက်မှစတင်၍ မင်နီဆိုးတား၊ တောင်ဒါကိုတာနှင့် ဗာဂျီးနီးယားစသည့် ပြည်နယ်များတွင် လူကိုယ်တိုင်သွားရောက် မဲပေးမှုကို ကြိုတင် စတင်ကျင်းပနေပြီဖြစ်သည်။ အောက်တိုဘာလလယ်တွင် နောက်ထပ်ပြည်နယ် ၁၀ ခုကျော်၌ လူကိုယ်တိုင်သွားရောက် မဲပေးမှုများ စတင်မည်ဖြစ်သည်။ “အရေးကြီးဆုံးအချက်မှာ ယခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး၏ အင်းအားချင်း ညီမျှနေမှုက ဒီထက်ပိုမို နီးကပ်ဖို့ မဖြစ်နိုင်တော့ဘူး” ဟု ဆောင်းပါး နိဂုံးတွင် ဖော်ပြခဲ့သည်။(Xinhua)


……………………
(Chinese Version)
美媒称今年美总统竞选“本世纪最势均力敌”
新华社北京9月23日电 美国有线电视新闻网22日一篇分析文章指出,今年的美国总统选举之争是“本世纪以来最势均力敌”的一场,“任何一个方向的微小变化都可能导致天差地别的结果”。
文章作此判断的主要原因是,自本月10日美国民主、共和两党总统候选人进行电视直播辩论以来,虽然副总统卡玛拉·哈里斯似乎在全国民意调查中取得对前总统唐纳德·特朗普的微弱优势,但优势幅度往往在误差范围内。如果考虑到美国总统选举采取选举人团制度,两人的胜负更难判断。
虽然舆论普遍认定哈里斯在10日辩论中以“统治级表现”打败特朗普,但这似乎只让她的支持率提升了几个百分点。
22日,美国哥伦比亚广播公司和全国广播公司分别公布两项最新民调结果,显示哈里斯取得对特朗普迄今为止的最大优势,但也仅领先四五个百分点。2016年和2020年两届大选到此阶段时,民主党总统候选人在上述两项民调中的领先优势至少是哈里斯的两倍。
辩论结束后,美国广播公司、福克斯新闻台和美国《纽约时报》等媒体参与的全国性民调反映类似结果。根据美国有线电视新闻网最新“民意测验调查”,哈里斯目前在美全国的支持率平均领先三个百分点。三个百分点意味着哈里斯胜局“远远未稳”。
今年美国总统竞选开启以来,两党候选人一直保持均势,大部分选民似乎都“被锁定”。包括7月退选的现总统约瑟夫·拜登在内,从未有候选人能在全国性民调中领先对手至少五个百分点。
按文章说法,这种情形“相当罕见,值得关注”,可能要追溯至上世纪60年代才能找到类似选战格局。最近60年来,一直有总统候选人能在竞选周期中将至少五个百分点的优势保持至少三周。
与民调相比更重要的因素是,美国总统选举结果最终要看谁能拿到至少270张选举人票。创办“538”民调网站的美国知名选情分析师内特·西尔弗估算,哈里斯需要以至少三个百分点的优势赢得总统选举普选,才有望在选举人票方面掌握明显优势,“但她还没到那一步”。
照美国有线电视新闻网现有支持率估算,现在哈里斯有把握得225张选举人票,特朗普有把握得219张。今年密歇根、宾夕法尼亚、威斯康星、亚利桑那、佐治亚、内华达和北卡罗来纳这七大“摇摆州”和内布拉斯加州国会第二选区的选举人票归属待定。
本月20日起,明尼苏达、南达科他和弗吉尼亚等州已率先开启提前现场投票。到10月中旬,还将有10多个州开启现场投票。文章最后称:“最重要的是,今年总统竞选势均力敌的程度无以复加。”(海洋)
图说:这张9月10日在美国费城总统辩论媒体中心拍摄的视频直播画面显示,美国民主党总统候选人、副总统哈里斯(右)与共和党总统候选人、前总统特朗普在费城参加电视辩论。新华社记者李睿摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.