Connect with us

Africa & Middle East

အီဂျစ်မိုးပျံပူဖောင်း ပျက်ကျမှုတွင် လူ၄ဦးကို ဖမ်းဆီးထိန်းသိမ်း

၂၀၁၃ခုနှစ်တွင် အီဂျစ်၌ဖြစ်ပွားခဲ့သည့် မိုးပျံပူဖောင်းမီးလောင်မှုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကိုင်ရို၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

ကမ္ဘာ့လှည့်ခရီးသွားတစ်ဦးသေဆုံးပြီး ၁၅ဦးဒဏ်ရာရရှိခဲ့သည့် တောင်ပိုင်းမြို့ တစ်မြို့ဖြစ်သော Luxor မြို့ မှ မိုးပျံပူဖောင်းပျက်ကျမှု အတွက် တာဝန်ရှိသူ ၄ဦးကို ဖမ်းဆီးရန် အီဂျစ်နိုင်ငံ တရားစီရင်ရေးက ဇန်နဝါရီ ၆ရက်တွင် ညွှန်ကြားခဲ့ကြောင်း နိုင်ငံပိုင် MENA သတင်းဋ္ဌာနကဖော်ပြခဲ့သည်။

ပူဖောင်းပျက်ကျမှုသည် ဇန်နဝါရီ ၅ရက်တွင် ရာသီဥတုဆိုးရွားမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၃၄နှစ်အရွယ် တောင်အာဖရိကနိုင်ငံ မှ ခရီးသွားတစ်ဦး သေဆုံးခဲ့ပြီး တောင်အာဖရိကနိုင်ငံမှ အခြားခရီးသွား ၂ဦး၊ သြစတြေးလျနိုင်ငံမှ ခရီးသွား ၅ဦး၊ ပြင်သစ်နိုင်ငံမှ ခရီးသွား ၄ဦး၊ အာဂျင်တီးနားနိုင်ငံမှ ခရီးသွား ၂ဦး၊ ဘရာဇီးနိုင်ငံမှ ခရီးသွား တစ်ဦး နှင့် အီဂျစ်နိုင်ငံမှ ခရီးသွား တစ်ဦး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Luxor မြို့ပြည်သူ့တရားရုံးက အမှုအား စုံစမ်းစစ်ဆေးနေစဉ်အတွင်း မိုးပျံပူဖောင်းမောင်းနှင်သူ နှင့် ကုမ္ပဏီမှ တာဝန်ရှိသူ ၃ဦးကို ဖမ်းဆီးရန် အမိန့်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အီဂျစ်နိုင်ငံ Luxor မြို့ အထက်ပိုင်း၌ လွန်ခဲ့သည့် နှစ်များအတွင်းအလားတူ မိုးပျံပူဖောင်းပျက်ကျမှု ဖြစ်စဉ်များဖြစ်ပွားခဲ့ပြီး ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ၌ ပျံသန်းနေစဉ် မိုးပျံပူဖောင်းမီးလောင်မှုကြောင့် အာရှ နှင့် ဥရောပနိုင်ငံသားအများစု ပါဝင်သည့် ကမ္ဘာလှည့်ခရီးသွား ၁၉ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117