Connect with us

Media

တရုတ်နိုင်ငံ၏ ပင်လယ်ရေနက်ပိုင်းသွား လူတင်ရေငုပ်သင်္ဘော ပထမဆုံးအကြိမ် ဟောင်ကောင်သို့ရောက်ရှိလာ

ဟောင်ကောင်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ သုတေသနသင်္ဘော Deep Sea No. 1 သည် လူတင်‌ရေငုပ်သင်္ဘော ကျောင်းလုံကို တင်ဆောင်ကာ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) သို့ ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာ ၂၄ ရက်က ရောက်ရှိလာခဲ့ရာ နွေးထွေးစွာကြိုဆိုခဲ့ကြကြောင်း သိရသည်။
အဆိုပါ သင်္ဘောသည် အနောက်ပစိဖိတ်သမုဒ္ဒရာတွင် သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာမှုမစ်ရှင်ပြီးစီးပြီးနောက် ပြည်တွင်း-ပြည်ပ ပင်လယ်ရေကြောင်းခရီးစဉ်သွားရောက်နေခြင်းဖြစ်သည်။ အချိန်နှစ်ရက်ကြာမြင့်မည့် ဟောင်ကောင်ခရီးစဉ်အတွင်း သင်္ဘောပေါ်ရှိ သိပ္ပံပညာရှင်များသည် ဟောင်ကောင် ကျောင်းသား/ကျောင်းသူများကို သင်ခန်းစာများပို့ချမည်ဖြစ်ပြီး သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာမှုရလဒ်များ မျှဝေရန် နိုင်ငံတကာဆွေးနွေးပွဲများကိုလည်း ပြုလုပ်မည်ဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်မတိုင်မီ ဤခရီးစဉ်က ဗဟိုအစိုးရ၏ အပြည့်အဝဂရုစိုက်မှုနှင့် ဟောင်ကောင် ပင်လယ်ရေကြောင်း သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနတိုးတက်မှု၊ ဂေဟဗေဒထိန်းသိမ်းစောင့်ရှောက်ရေးအပေါ် ကူညီပံ့ပိုးမှုကို ဖော်ပြခြင်းဖြစ်ကြောင်း HKSAR အစိုးရ လက်ထောက် အတွင်းရေးမှူးချုပ် Warner Cheuk က ပြောကြားခဲ့သည်။
အဆိုပါ အစီအစဉ်သည် ပင်လယ်ရေနက်ပိုင်းသုတေသနလုပ်ငန်း ဆောင်ရွက်ရေးနှင့် ပိုမိုနေပျော်ဖွယ်ကောင်းသော ကမ္ဘာမြေဖြစ်လာစေရေးအတွက် ဟောင်ကောင်ရှိ လူငယ်လူရွယ်များအား ပိုမိုစိတ်အားတက်ကြွစေမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောခဲ့သည်။
China Ocean Mineral Resources R&D အသင်း ညွှန်ကြားရေးမှူး ဝူချန်းပင်က အနောက်ပစိဖိတ်သမုဒ္ဒရာ နိုင်ငံတကာပင်လယ်ရေကြောင်း သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာမှု အောင်မြင်စွာဆောင်ရွက်နိုင်ခြင်းအပေါ် ဂုဏ်ယူကြောင်း၊ ယခုခရီးစဉ်မှာ ပင်လယ်နက်ပိုင်း ဇီဝမျိုးစုံမျိုးကွဲအပေါ် တရုတ်နိုင်ငံ၏ သိပ္ပံနည်းကျသိမြင်နားလည်မှုကို မြှင့်တင်ပေးသည်သာမက အရေးကြီးသိပ္ပံပညာရပ်ဆိုင်ရာ အချက်အလက်များကို ကမ္ဘာ့ပင်လယ်ရေကြောင်း သိပ္ပံသုတေသနထံ အထောက်အကူပြုနိုင်ခဲ့ခြင်းလည်းပဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နှင့် ပြည်ပသိပ္ပံပညာရှင်များ ပါဝင်သော သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာမှုအဖွဲ့သည် တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့မှ ဩဂုတ် ၁၀ ရက်၌ ထွက်ခွာခဲ့ပြီး အနောက်ပစိဖိတ်သမုဒ္ဒရာတွင် စုစုပေါင်း ရေငုပ်ခြင်းလုပ်ငန်း ၁၈ ကြိမ် ပြုလုပ်ခဲ့သည်။ ယင်းခရီးစဉ်သည် ပြည်ပသိပ္ပံပညာရှင်များက ကျောင်းလုံရေငုပ်သင်္ဘောဖြင့် ပင်လယ်နက်ပိုင်း သိပ္ပံသုတေသနလုပ်ငန်းကို ပထမဆုံးအကြိမ် ဆောင်ရွက်ခဲ့ကြခြင်းလည်းဖြစ်သည်။ (Xinhua)
……………………………………..
(English Version)
China’s manned deep-sea submersible Jiaolong arrives in Hong Kong for 1st time
HONG KONG, Sept. 24 (Xinhua) — China’s research vessel Deep Sea No. 1, carrying manned submersible Jiaolong, received a warm welcome Tuesday in the Hong Kong Special Administrative Region (HKSAR), the first time they visited the city.
The vessel is on a home-bound voyage after completing a scientific mission in the Western Pacific Ocean. During their two-day stay in Hong Kong, scientists on board will give lectures to Hong Kong students and hold a number of international seminars to share the results of this scientific expedition.
Warner Cheuk, deputy chief secretary for administration of the HKSAR government, said that the visits ahead of the 75th anniversary of the founding of the People’s Republic of China fully demonstrated the central government’s care and support for Hong Kong’s marine scientific research development and ecological conservation.
It is hoped that this event will inspire more young people in Hong Kong to engage in deep-sea research and make planet Earth a better place to live in, he said.
Wu Changbin, director of China Ocean Mineral Resources R&D Association, congratulated the successful completion of the Western Pacific international voyage scientific expedition, saying that this voyage not only enhanced China’s scientific understanding of deep-sea biodiversity and ecosystems but also contributed important scientific data to global marine scientific research.
The scientific expedition team of Chinese and foreign scientists set sail on Aug. 10 from Qingdao, east China’s Shandong Province, and made a total of 18 dives in the Western Pacific. It was the first time that foreign scientists have carried out deep-sea scientific research on Jiaolong.