Connect with us

China

၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပုံမှန် အချေအတင် ဆွေးနွေးပွဲသို့ ဝမ်ရိ တက်ရောက်

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသော ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပုံမှန် အချေအတင် ဆွေးနွေးပွဲသို့ ဒေသစံတော်ချိန် စက်တင်ဘာ ၂၈ ရက်က တက်ရောက်ပြီး 《ရှေးမူမပြတ် ရှေ့သို့ဆက်လှမ်း၍ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းကို အတူလက်တွဲတည်ဆောက်မည်》ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသော ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပုံမှန် အချေအတင် ဆွေးနွေးပွဲသို့ ဒေသစံတော်ချိန် စက်တင်ဘာ ၂၈ ရက်က တက်ရောက်ပြီး 《ရှေးမူမပြတ် ရှေ့သို့ဆက်လှမ်း၍ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းကို အတူလက်တွဲတည်ဆောက်မည်》ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို ပို၍အားကောင်းရေးအတွက် ဆောင်ရွက်ရမည် ဖြစ်ပြီး လျှော့ချ၍ မရဟု သမ္မတ ရှီကျင့်ဖိန်က အကြိမ်ပေါင်းများစွာ အလေးထားပြောကြားခဲ့ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ နှစ် ၁၀၀ တွင် ကြုံတွေ့ခဲ့ရဖူးသော အပြောင်းအလဲကြီးများနှင့် ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံ၏ တိုက်တွန်းနှိုးဆော်မှုက ခေတ်ကာလဖွံ့ဖြိုးတိုးတက်မှုရေစီးကြောင်းနှင့်လိုက်လျာညီထွေရှိရန်၊ လူသားမျိုးနွယ် တိုးတက်ရေးဦးတည်ချက်ကို အခိုင်အမာချကာ သမိုင်း၏ မှန်ကန်သည့် ရွေးချယ်မှုကို ပြုရန် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ခံယူချက်မှာ ရေရှည် တည်ငြိမ်သည့် လုံခြုံရေး အခင်းအကျင်း၊ ဘုံစည်ပင်ဝပြောသည့် ဖွံ့ဖြိုးတိုးတက်ရေးအခင်းအကျင်း၊ အပြန်အလှန် သင်ယူလေ့လာမှုရှိသည့် ယဉ်ကျေးမှုအခင်းအကျင်း၊ အတူတည်ဆောက် အတူမျှဝေမှု ရှိသည့် စီမံခန့်ခွဲရေး အခင်းအကျင်းကို တည်ဆောက်ရန် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ဝမ်ရိက ယူကရိန်း အကျပ်အတည်း၊ ပါလက်စတိုင်း၊ အာဖဂန်နစ္စတန်၊ ကိုရီးယားကျွန်းဆွယ် စသည့် အများဂရုပြုကြသော ကိစ္စရပ်များအပေါ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲ့မှု ပြည့်စုံကောင်းမွန်ရေး တရုတ်နိုင်ငံ၏ ခံယူချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ဝမ်ရိက ထိုင်ဝမ်သည် တရုတ်နယ်မြေပိုက်နက်၏ခွဲခြားမရသော အစိတ်အပိုင်း ဖြစ်ပြီး ယင်းမှာ သမိုင်းဖြစ်သလို လက်တွေ့လည်းဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ လွန်ခဲ့သည့် ၅၃ နှစ်မတိုင်မီ ၂၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် သောင်ပြိုကမ်းပြို မဲအပြတ်သတ်ဖြင့် ဆုံးဖြတ်ချက် အမှတ် ၂၇၅၈ ကို အတည်ပြုခဲ့ရာ ထိုင်ဝမ်အပါအဝင် တရုတ်တစ်ပြည်လုံး၏ ကုလသမဂ္ဂ ကိုယ်စားပြုခွင့်အား အပြီးသတ် ဖြေရှင်းနိုင်ခဲ့ပြီး “တရုတ် နှစ် နိုင်ငံ” ဟူ၍ မတည်ရှိကြောင်း ၊ “တရုတ်တစ်ခု၊ ထိုင်ဝမ် တစ်ခု” ဟူ၍ မတည်ရှိကြောင်းကို အတိအလင်း အတည်ပြုခဲ့ကြောင်း၊ ဤမူဝါဒမှာ စပ်ကူးမပ်ကူး မရေမရာ ဟူ၍ မရှိကြောင်း၊ တရုတ်နိုင်ငံသည် တစ်သားတည်းပေါင်းစည်းမှုကို မုချမသွေ ဖော်ဆောင်သွားမည် ဖြစ်ပြီး ထိုင်ဝမ်သည် အမိမြေ၏ရင်ခွင်သို့ မုချမသွေ ပြန်လည် ရောက်ရှိလာမည် ဖြစ်ကြောင်း၊ ၎င်းမှာ မည်သူ မည်သည့်အင်အားကမျှ တားဆီးမရသည့် သမိုင်းလမ်းကြောင်းကြီး ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေး စိတ်ဓာတ်ကို ဝမ်ရိက မိတ်ဆက်ပြောကြားခဲ့ရာ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှုသည် ကမ္ဘာ တည်ငြိမ်အေးချမ်းရေးကို အားကောင်းသော မြှင့်တင်မှု၊ ဘုံဖွံ့ဖြိုးတိုးတက်ရေးကို အားကောင်းသော မြှင့်တင်မှု၊ ကမ္ဘာလုံးဆိုင်စီမံခန့်ခွဲမှုကို ပြည်စုံကောင်းမွန်ရေး အားကောင်းသော မြှင့်တင်မှု၊ လူသားမျိုးနွယ် ယဉ်ကျေးမှုတိုးတက်ရေးကို အားကောင်းသော မြှင့်တင်မှု ဖြစ်ကြောင်း ထောက်ပြ ပြောဆိုခဲ့သည်။ တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးနှင့်အတူ ကုလသမဂ္ဂ မူလသမိုင်းတာဝန်ကို တစ်ဖန်ပြန်လည် အမှတ်ရ၍ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ခိုင်မာသော ကတိကဝတ်များကို ထပ်မံဖော်ပြကာ စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို လက်တွေ့ဖော်ဆောင်ရန် တိုက်တွန်းအားပေးခြင်းဖြင့် လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးပြီး ပိုမိုသာယာလှပသော ကမ္ဘာအား အတူလက်တွဲတည်ဆောက်သွားရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။

အဆိုပါနေ့တွင် ဝမ်ရိသည် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Cho Tae-yul နှင့် နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)


………………………….
(Chinese Version)
王毅出席第79届联合国大会一般性辩论
新华社联合国9月28日电(记者潘云召 杨士龙)当地时间9月28日,中共中央政治局委员、外交部长王毅在纽约联合国总部出席第79届联合国大会一般性辩论,并发表题为《继往开来 砥砺前行 携手共建人类命运共同体》的演讲。
王毅说,习近平主席多次强调,联合国的作用只能加强,不能削弱。面对百年未有之大变局,中国的呼吁是,顺应时代发展潮流,锚定人类进步方向,作出正确历史选择。中国的主张是,打造持久稳定的安全格局、共同繁荣的发展格局、交流互鉴的文明格局、共建共享的治理格局。
王毅就乌克兰危机、巴勒斯坦、阿富汗、朝鲜半岛等热点问题阐明了中方立场,就完善全球治理提出中国主张。
王毅强调,台湾是中国领土不可分割的一部分,这既是历史,也是现实。53年前,第26届联合国大会以压倒性多数通过第2758号决议,彻底解决了包括台湾在内全中国在联合国的代表权问题,明确不存在“两个中国”,不存在“一中一台”。在这一原则问题上没有灰色地带,没有模糊空间。中国必将实现完全统一,台湾必将回归祖国怀抱,这是任何人、任何势力都阻挡不了的历史大势!
王毅介绍了中共二十届三中全会精神,指出中国式现代化将有力促进世界和平稳定,有力促进共同发展,有力促进完善全球治理,有力促进人类文明进步。中国愿同各国一道,重温联合国初心使命,重申对联合国宪章坚定承诺,倡导践行真正的多边主义,推动构建人类命运共同体,携手共建更加美好的世界!
同日,王毅还同韩国外长赵兑烈举行了双边会见。(完)
1. 当地时间9月28日,中共中央政治局委员、外交部长王毅在纽约联合国总部出席第79届联合国大会一般性辩论,并发表题为《继往开来 砥砺前行 携手共建人类命运共同体》的演讲。 新华社记者 李睿 摄