Connect with us

Agriculture

မြန်မာနိုင်ငံအတွင်းရှိ ဒီရေတော ဧရိယာများအား အတိအကျ သိနိုင်ရန် ကွင်းဆင်း ဆောင်ရွက်မည်ဟု ဆို

မြန်မာနိုင်ငံအတွင်းရှိ ဒီရေတော (ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အတွင်းရှိ ဒီရေတောများကို လက်ရှိတွင် ပြန်လည် ထိန်းသိမ်းခြင်း လုပ်ငန်းများ လုပ်ဆောင်လျက် ရှိပြီး ပြည်ပ အကူအညီဖြင့် အဆိုပါ ဒီရေတော ဧရိယာများကို တိတိကျကျ သိရှိနိုင်ရန် ဒီရေတောရှိသည့် ဒေသများအား ကွင်းဆင်း တိုင်းတာသွား မည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေး ရာဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တော ရေးရာဝန်ကြီးဌာန၊ ရေဝေရေလဲ ထိန်းသိမ်းရေး ဌာနမှ တာဝန်ရှိ သူတစ်ဦးက “ဒီရေတောအား ကွင်းဆင်း၍ တိုင်းတာတွက်ချက်မှုများ ပြုလုပ်နေပြီး၊ ကျန်တဲ့ ဒေသတွေကို လည်း ကွင်းဆင်းပြီး လုပ်ဆောင်သွားမှာပါ။ ဂြိုဟ်တုကလည်း အချက်အလက်တွေကို တိုင်းတာပြီး ဒီရေတော ဧရိယာတွေကို ခန့်မှန်း တွက်ချက်သွားမှာပါ’’ ဟုပြောသည်။

ဒီရေတောများမှာ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့ တွင် အများဆုံး ပေါက်ရောက်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် မွန်ပြည်နယ်တို့တွင်လည်း ဒီရေတောများ ရှိကြောင်း၊ ၁၉၉၃ ခုနှစ်က ဒီရေတော ဧကပေါင်း ၁ .၄ သန်းကျော်ရှိခဲ့ရာ မီးသွေး ဖုတ်ခြင်း။ ထင်းခုတ်ခြင်း၊ လယ်ယာမြေ ချဲ့ထွင်ခြင်းများကြောင့်၊ ယခုအခါ ဒီရေတော ဧကပေါင်း ၉၀၀,၀၀၀ ဝန်းကျင်သာ ရှိတော့ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုအခါ ဒီရေတောများပြန်လည် စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများအား လုပ်ကိုင်လျက်ရှိကြောင်း ၊ နိုင်ငံခြား အကူအညီဖြင့် ဒီရေတောများ ပြန်လည်ထူထောင်ရေး လေးနှစ် စီမံကိန်းကို ရေးဆွဲထားရှိပြီး၊ ပထမနှစ်နှစ် တွင် ဒီရေတော ပြန်လည်စိုက်ပျိုးရေးလုပ် ငန်းများ၊ နောက်နှစ်များတွင် ဂေဟစနစ်ထိန်း သိမ်းရေးလုပ်ငန်းများ နှင့် ရေထွက်ကုန် များတိုးတက်စေရန် ဆောင်ရွက်ခြင်းတို့အား လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117