Connect with us

China

တရုတ်နိုင်ငံ လူအခွင့်အရေးကဏ္ဍ အောင်မြင်မှု ကမ္ဘာတစ်ဝန်း အသိအမှတ်ပြု

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ထာချိန်မြို့ ရှင်းချန်လမ်း ဟားအော်သွန်းရပ်ကွက်၌ ကျင်းပသည့် “အိမ်ချင်းပွဲတော် မိသားစုများစုံညီပွဲ”တွင် စားကောင်းသောက်ဖွယ်များအား မြည်းစမ်းကြည့်နေသည့် ဒေသခံပြည်သူများအား ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

လွန်ခဲ့သည့် ရက်အနည်းငယ်က ဂျီနီဗာ၌ ကျင်းပခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၇ ကြိမ်မြောက် အစည်းအဝေးတွင် အမေရိကန် စသည့် နိုင်ငံအနည်းစုက “ရှင်းကျန်းအရေး” ဟု အမည်တပ်ကာ တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို အကြောင်းမဲ့ မဟုတ်မမှန် ပုတ်ခတ်ပြောဆိုတိုက်ခိုက်ခဲ့သည်။ သို့သော် များပြားလှသည့် အစ္စလာမ်မစ်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၈၀ နီးပါးက တရုတ်နိုင်ငံကို တစ်ခဲနက် အားပေးထောက်ခံသည့် ပူးတွဲကြေညာချက်ကို ယင်းအစည်းအဝေးတွင် ဖတ်ကြားခဲ့သလို နိုင်ငံပေါင်း ၂၀ ကျော်ကလည်း တရုတ်နိုင်ငံ၏ တရားမျှတသည့် ရပ်တည်ချက်ကို ထောက်ခံကြောင်း၊ လူ့အခွင့်အရေး နိုင်ငံရေးအသွင်ပြောင်းမှုကို ဆန့်ကျင်ကြောင်း ပုံစံမျိုးစုံဖြင့် သဘောထား ဖော်ပြခဲ့ကြသည်။ နိုင်ငံပေါင်း ၁၀၀ ကျော်၏ ရှင်းလင်းပြတ်သားသည့်စကားသံက လူ့အခွင့်အရေးအား တရုတ်နိုင်ငံ ကာကွယ်ထိန်းသိမ်းခြင်း၏ သမိုင်းဝင် အောင်မြင်မှုကို ကမ္ဘာက အသိအမှတ်ပြုခြင်း၊ နိုင်ငံအနည်းစု၏ နိုင်ငံရေး ကြိုးကိုင်မှုအပေါ် လူအများ မနှစ်မြို့ခြင်းကို ဖော်ပြလိုက်ခြင်း ဖြစ်ပေသည်။

တရုတ်နိုင်ငံသည် ပြည်သူကို အခိုင်အမာ ဦးထိပ်ထားပြီး ပြည်သူ့ အကျိုးစီးပွား ကာကွယ်ထိန်းသိမ်းခြင်းကို လူ့အခွင့်အရေးလုပ်ငန်း၏ စမှတ်နှင့်ဖော်ဆောင်ရာအဖြစ် သဘောထားသလို လူ၏အသက်ရှင်နေထိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်ကို ပို၍ ထင်ရှားသည့် အရေးကြီးနေရာတွင်ထားရှိရာ မိမိနိုင်ငံ၏ အခြေအနေနှင့် သင့်လျော်ကိုက်ညီသော၊ ပြည်သူများ၏ချစ်ခင်ပံ့ပိုးမှုကို ရရှိသော၊ ခေတ်ကာလရေစီးကြောင်းနှင့် လျော်ညီသော လူ့အခွင့်အရေး တိုးတက်ရေးလမ်းကြောင်းကို ဖောက်ထွက် လျှောက်လှမ်းနိုင်ခဲ့ပါသည်။ တရုတ်နိုင်ငံသည် အကြွင်းမဲ့ဆင်းရဲနွမ်းပါးမှုပြဿနာကို သမိုင်းဝင်ဖြေရှင်းနိုင်ခဲ့ရာ ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ရည်မှန်းချက်ကို ၁၀ နှစ်ကြိုတင်၍ ဖော်ဆောင်နိုင်ခဲ့ပြီး ဘက်စုံ အတော်အသင့် ပြည့်စုံကြွယ်ဝေသာ လူမှုအသိုက်အဝန်းသို့ တရုတ်ပြည်သူ သန်းပေါင်း ၁,၄၀၀ ကျော် တစ်စုတစ်စည်းတည်း လျှောက်လှမ်းနိုင်ခဲ့ခြင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာတွင် ပမာဏအကြီးဆုံးသော ပညာရေးစနစ်၊ လူမှုဖူလုံရေးစနစ်၊ ဆေးဝါးကုသရေးနှင့်ကျန်းမာရေးစနစ်ကို တည်ဆောက်နိုင်ခဲ့ရာ ပြည်သူလူထု၏ ရယူပိုင်ဆိုင်မှု၊ စိတ်ချမ်းသာမှု၊ လုံခြုံမှု ခံစားချက်များ တိုးမြင့်လာခြင်း၊ တရုတ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ် တစ်ခုလုံးတွင် ပြည်သူ့ဒီမိုကရေစီ၊ ပြည်သူသည်သာ တိုင်းပြည်၏ အရှင်သခင် ဟူသော အခွင့်အရေးကို ရရှိသည်မှာ ပို၍ အပြည့်အဝ ပေါ်လွင်လာခြင်း၊ တရုတ်နိုင်ငံသည် လူအခွင့်အရေး တန်းတူညီမျှ၊ မျှဝေခံစားနိုင်ရေးကို အခိုင်အမာလက်ကိုင်ထားရာ တိုင်းရင်းသားအသီးသီး၊ လူမျိုးစုအသီးသီး၏ အခွင့်အရေးမှာ ပို၍ ဘက်စုံ ဖော်ဆော်နိုင်ခြင်းတို့ ရှိခဲ့သည်။

ထို့ကြောင့် ယခုနှစ် ဇူလိုင်လတွင် ကုလသမဂ္ဂလူအခွင့်အရေးကောင်စီက စတုတ္ထအကြိမ်မြောက် နိုင်ငံအလိုက် လူ့အခွင့်အရေးသုံးသပ်ချက် အစီရင်ခံစာတွင် တရုတ်နိုင်ငံ ပါဝင်ရန် တစ်ပြေးညီ အတည်ပြုခဲ့သည်။ နိုင်ငံများစွာက တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ကြိုးပမ်းမှုနှင့် ရရှိသည့် အောင်မြင်မှုများကို အပြုသဘောသုံးသပ်ခဲ့ကြရာ တရုတ်နိုင်ငံ၏ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သည့် ဆက်တိုက်အောင်မြင်မှုများမှာ အမေရိကန် စသည် နိုင်ငံအနည်းစု တရုတ်လူ့အခွင့်အရေးအပေါ် မဟုတ်မမှန် အပုတ်ချပြောဆိုချက်များကို အားကောင်းစွာချေဖျက်ခဲ့ပေသည်။

အနည်းစု အနောက်နိုင်ငံများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများက လူ့အခွင့်အရေးကဏ္ဍမှာ တရုတ်နိုင်ငံ၏ ကြီးမားသည့် တိုးတက်မှုများကို တမင်ရွေးချယ်လျစ်လျူရှုကြကြောင်း ချီလီ လူ့အခွင့်အရေးကဏ္ဍ ကျွမ်းကျင်သူ မိုရာဂါက မကြာသေးမီက ဆောင်းပါးတွင် ဝေဖန်ရေးသားခဲ့သည်။ တရုတ်နိုင်ငံသည် သန်းရာနှင့်ချီသော လူများအား ပို၍ ဂုဏ်သိက္ခာရှိမှု၊ လူအခွင့်အရေးကဏ္ဍအသီးသီး ပို၍အာမခံမှု ကောင်းစွာရှိသော ဘဝကို ရရှိစေခဲ့ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကာကွယ်မှုလုပ်ငန်း၏ ကြီးမားသည့် တိုးတက်မှု ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာ လူ့အခွင့်အရေး စီမံခန့်ခွဲမှုတွင် တက်ကြွစွာ ပါဝင်ကာ ကမ္ဘာ့လူ့အခွင့်အရေးလုပ်ငန်း တိုးတက်ရေးအတွက် တရုတ်နိုင်ငံ၏ ဉာဏ်ပညာ၊ တရုတ်နိုင်ငံ၏နည်းလမ်းဖြင့် တွန်းအားပေး အကျိုးဆောင်ခဲ့ပေသည်။ တရုတ်နိုင်ငံသည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ စသည့် နိုင်ငံပေါင်းစုံ လူ့အခွင့်အရေးဆိုင်ရာဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းများတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သည်။ အရေးကြီးသည့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက်နှင့် ကြေညာချက်များ ဖြစ်မြောက်အောင် တွန်းအားပေး ဆောင်ရွက်ခဲ့သလို လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း အတူတကွ တည်ဆောက်ရေးအား လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်တွင် ထည့်သွင်းခဲ့ကာ နိုင်ငံတကာလူ့အခွင့်အရေးကာကွယ်မှုအတွက် တရုတ်နိုင်ငံ၏အတွေးအခေါ်ဖြင့် အားဖြည့်ခဲ့သည်။ တရုတ်နိုင်ငံသည် ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရား၊ နိုင်ငံနှင့် ဒေသပေါင်း ၃၀ ကျော် နှင့် ပူးပေါင်းဖလှယ်မှုများ ပြုလုပ်ကာ ကမ္ဘာ့လူ့အခွင့်အရေးလုပ်ငန်း တိုးတက်ရေးအတွက် တရုတ်နိုင်ငံ၏စွမ်းအားဖြင့် ပံ့ပိုးခဲ့ပေသည်။ တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI) ကို အဆိုပြုသူနှင့် ဦးဆောင် ဖော်ဆောင်သူ ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ တည်ထောင်ပြီး စီမံကိန်းပေါင်း ၁၅၀ ကျော်ကို ပံ့ပိုးပေးပြီး ဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးစင်တာ ကွန်ရက် တည်ဆောက်ရေးကို ဘက်စုံခင်းကျင်းခဲ့သည်။ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်ကြသည့် နှစ်ပေါင်း ၁၀ နှစ် ကျော်ကြာကာလတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ တစ်ထရီလီယံ ဆွဲတင်နိုင်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း ၃,၀၀၀ ကျော် ဖြစ်တည်လာသလို ထိုတည်ဆောက်မှုတွင် အတူပါဝင်ကြသည့် နိုင်ငံများအတွက် အလုပ်အကိုင်နေရာ ၄၂၀,၀၀၀ ဖန်တီးနိုင်ခဲ့ပြီး လူပေါင်း သန်း ၄၀ နီးပါး ဆင်းရဲနွမ်းပါးမှုမှ လွတ်ကင်းစေခဲ့သည်။

ကျူးဘားနိုင်ငံ ကုလသမဂ္ဂအသင်း (UNA-Cuba) လူ့အခွင့်အရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Lisandra Astiasarán Arias က တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုက ကျူးဘားနိုင်ငံ ဝေးလံခေါင်သီဒေသများ၏ ဆေးကုသမှု၊ ပညာရေး၊ သတင်းအချက်အလက် ရရှိမှုအဆင့်များ ထိရောက်စွာ မြင့်တက်လာသလို ဒေသခံပြည်သူလူထု၏ အခြေခံလူ့အခွင့်အရေးကို မြှင့်တင်ပေးခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးလက်တွေ့ဖော်ဆောင်မှုတွင် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သည့်အခန်းကဏ္ဍကို အပြည့်အဝ ထင်ဟပ်စေကြောင်း ပြောကြားခဲ့သည်။

လိမ်ညာမှုသည် အမှန်တရားကို ဖုံးကွယ်၍မရသလို တရားမျှတမှုသည် လူတို့၏နှလုံးသားထဲတွင် ရှိနေပေသည်။ အနည်းစုနိုင်ငံများ၏ မဟုတ်မမှန် လုပ်ကြံပုတ်ခတ်ပြောဆိုမှုကို ရင်ဆိုင်ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံ ၁၀၀ ကျော်က လူ့အခွင့်အရေးကောင်စီတွင် တရုတ်နိုင်ငံကို အတိအလင်း ထောက်ခံအားပေးကြသည်မှာ တရုတ်နိုင်ငံ၏ တရားဝင်အခွင့်အရေးကို ကာကွယ်ထိန်းသိမ်းပေးခြင်း ဖြစ်သလို နိုင်ငံတကာ တရားမျှတမှု အမှန်တရားကို ကာကွယ်ထိန်းသိမ်းခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခွင့်အရေးနှင့် အကျိုးခံစားခွင့်ကို ကာကွယ်ထိန်းသိမ်းခြင်း၊ ပြည်တွင်းရေး မစွက်ဖက်ရေးဟူသော ဤနိုင်ငံတကာ ဆက်ဆံရေး အခြေခံမူကို ကာကွယ်ထိန်းသိမ်းခြင်း ပို၍ပင် ဖြစ်ပါသည်။ ထို့အပြင် အစည်းအဝေးတွင် နိုင်ငံအများအပြားက အမေရိကန်၏ မိမိတွင်ရှိသော လူ့အခွင့်အရေး အမည်းစက်ကို လျစ်လျူရှုကာ အခြားနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို မဟုတ်မမှန် ပုတ်ခတ်ပြောဆိုသည့် စံနှုန်းနှစ်မျိုးထားသည့် လုပ်ရပ်အပေါ် မေးခွန်းထုတ်ခဲ့ကြသလို ၎င်း၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေးကို အကြောင်းပြသည့် အခြားနိုင်ငံပြည်တွင်းရေး စွက်ဖက်မှု၊ အလွဲသုံးစား ဒဏ်ခတ်ပိတ်ဆို့မှု၊ လူ့အခွင့်အရေး အကျပ်အတည်းဖန်တီးမှု လုပ်ရပ်မှာ ပို၍ပင် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရသည်။
တောင်အာဖရိက၊ ရုရှား၊ ပါကစ္စတန်၊ ကျူးဘား၊ ဗင်နီဇွဲလား၊ အီရန်၊ အယ်လ်ဂျီးရီးယား၊ ဟွန်ဒူးရပ်စ် စသည့် ဖွံ့ဖြိုးဆဲနိုင်ငံ ၃၀ ကျော်နှင့် 《ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း》ကာကွယ်ရေး မိတ်ဆွေအဖွဲ့၊ သဘောထားချင်းနီးစပ်သည့်နိုင်ငံများအဖွဲ့ (LMDC) ၊ အာဖရိကအဖွဲ့၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (NAM) စသည့် အဖွဲ့အစည်းများက အမေရိကန်၏ အလွဲသုံးစား ဒဏ်ခတ်ပိတ်ဆို့ခြင်းအပေါ် ဆက်တိုက်ဆိုသလို ထုတ်ဖော်ချေပပြောဆိုကာ တရားမျှတမှုအမှန်တရား၏ဘုံစကားသံကို ထုတ်ဖော်ခဲ့ကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ပြီး ၇၅ နှစ်ကြာ ကာလတွင် တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးကဏ္ဍ အောင်မြင်မှုကို ကမ္ဘာတစ်ဝန်း အသိအမှတ်ပြုကြရာ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး စီမံခန့်ခွဲမှု တွန်းအားပေးရေး၏ အရေးကြီး အင်အား ဖြစ်လာပြီး ဖြစ်သည်။ တရုတ်နိုင်ငံသည် နိုင်ငံတိုင်း၏ အမှီအခိုကင်းစွာ မိမိသဘောဆန္ဒအလျောက် ရွေးချယ်သည့် လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှု လမ်းစဉ်ကို လေးစားပေသည်။ မည်သည့်နိုင်ငံကမျှ မိမိ၏ သဘောဆန္ဒကို အခြားသူထံ အတင်းအဓမ္မ ပုံသွင်း၍မရခြင်း၊ လူ့အခွင့်အရေးကို အကြောင်းပြပြီး အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ထင်သလို စွက်ဖက်၍မရခြင်း စသည့် လူ့အခွင့်အရေး ခံယူချက်သည် နိုင်ငံများစွာ၏ ထောက်ခံမှုနှင့် အသိအမှတ်ပြုမှုကို ပို၍ရရှိလာပေသည်။ တရုတ်နိုင်ငံသည် လူသားမျိုးနွယ်တို့၏ ရှေ့ရေးကို ရင်ဝယ်ထားခြင်း၊ ပြည်သူများ၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားခြင်း၊ လူ့အခွင့်အရေးကို လုံခြုံစွာ ကာကွယ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် လူ့အခွင့်အရေးကို တွန်းအားပေးခြင်းကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး စီမံခန့်ခွဲမှုကို ပိုမို တရားမျှတ၊ သမာသမတ်ကျ၊ တရားနည်းလမ်းကျ၊ အများပါဝင်မှုရှိသည့် ဦးတည်ရာသို့ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးဆောင်ရွက်မည် ဖြစ်သလို လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ပေသည်။ (Xinhua)

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၃ ရက်က ရိုက်ကူးသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၇ ကြိမ်မြောက် အစည်းအဝေးတွင် တစ်ဖက်သတ် အကျပ်ကိုင်ဆောင်ရွက်မှုဆိုင်ရာ အထူးအစီရင်ခံများ အပြန်အလှန်ဆွေးနွေးပြောကြားနေသော မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

…………………………
(Chinese Version)

新华时评|中国人权事业成就举世公认
日前,在日内瓦举行的联合国人权理事会第57届会议上,美国等少数国家以所谓“新疆问题”为名无端攻击抹黑中国人权状况。包括广大穆斯林国家在内的近80个国家当场宣读力挺中国的共同发言,还有20多个国家以不同方式表态,支持中方正义立场,反对将人权问题政治化。100多个国家发出的清晰声音充分说明,中国保护人权历史性成就举世公认,少数国家的政治操弄不得人心。
中国坚持人民至上,把维护人民利益作为人权事业的出发点和落脚点,把人的生存权、发展权放到更加突出和紧迫的位置,走出了适合本国国情、得到人民拥护、顺应时代潮流的人权发展道路。中国历史性解决绝对贫困问题,提前10年实现联合国2030年可持续发展议程减贫目标,14亿多中国人民整体步入全面小康社会;中国建成世界上规模最大的教育体系、社会保障体系、医疗卫生体系,人民群众的获得感、幸福感、安全感不断增强;中国不断发展全过程人民民主,人民当家作主的权利得到更加充分的体现;中国坚持平等共享人权,各民族、各族群权利得到更加全面的落实……今年7月,联合国人权理事会一致核可中国参加第四轮国别人权审议报告,多国积极评价中国为人权事业发展付出的努力和获得的成就,中国保护促进人权的一系列成就有力戳穿了美国等少数国家抹黑中国的人权谎言。智利人权领域专家莫拉加近期撰文,批评少数西方国家和人权组织选择性忽视中国在人权领域的巨大进步。他指出,中国让数以亿计的人过上更有尊严、各项人权得到更好保障的生活,是全球人权保护事业的重大进步。
中国积极参与国际人权治理,为推动世界人权事业发展贡献中国智慧、中国方案。中方深入参与联合国人权理事会等多边人权机构工作,推动达成一系列重要国际人权公约、宣言,构建人类命运共同体纳入人权理事会决议,为国际人权保护注入中国理念。中国同联合国人权机制以及30多个国家和地区开展交流合作,为推动世界人权事业发展贡献中国力量。中国提出并带头践行全球发展倡议,成立全球发展和南南合作基金,已经支持了150多个项目,全球发展促进中心网络建设全面铺开。共建“一带一路”10多年来拉动约万亿美元投资规模,形成3000多个合作项目,为共建国家创造42万个工作岗位,让近4000万人摆脱贫困。古巴联合国协会人权事务协调员莉桑德拉·阿斯蒂亚萨兰·阿里亚斯表示,同中国的合作有效提升古巴一些偏远地区的医疗、教育、信息获取水平,促进当地民众的基本人权,充分体现了中国在全球人权实践中的积极作用。
谎言掩盖不了真相,公道自在人心。面对少数国家的抹黑操弄,100多个发展中国家在人权理事会上明确支持中方,是为了维护中方的正当权利,更是为了维护国际公平正义,维护发展中国家共同权益,维护不干涉内政这一国际关系基本准则。不仅如此,不少国家在会议讨论中对美国无视自身人权污点、抹黑他国人权状况的双标做法提出质疑,其以民主、人权为借口干涉他国内政、滥施制裁、制造人道危机的行径更是遭到广泛批评。南非、俄罗斯、巴基斯坦、古巴、委内瑞拉、伊朗、阿尔及利亚、洪都拉斯等30个发展中国家和捍卫《联合国宪章》之友小组、观点相近国家小组、非洲组、不结盟运动等集团相继发声,批驳美西方滥施单边制裁的行径,发出了捍卫公平正义的共同声音。
新中国成立75年来,中国人权事业成就举世公认,已经成为推动全球人权治理的重要力量。中国尊重各国自主选择人权发展道路。任何国家都不能把自己的意志强加于人、不能打着人权幌子肆意干涉别国内政等人权主张得到越来越多国家的支持和认同。中国将继续以人类前途为怀,以人民福祉为念,以安全守护人权、以发展促进人权、以合作推进人权,推动全球人权治理朝着更加公平公正合理包容的方向发展,推动构建人类命运共同体。
1. 9月27日,在新疆塔城市新城街道哈尔墩社区举行的“邻里节百家宴”现场,居民在品尝各色美食。新华社记者 顾煜 摄
2. 这是9月13日在瑞士日内瓦拍摄的联合国人权理事会第57届会议的单边强制措施问题特别报告员互动对话现场。新华社记者 连漪 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.